Bonsai Kitten ဆိုတာကတော့ အလှဖန်ပုလင်းတွေထဲမှာ အရိုးပျော့အောင်လုပ်ပြီး ပုံသွင်းခံရတဲ့ ကြောင်လေးတွေပါ။Bonsai Kitten .com ဆိုပြီး သရော်စာပါ ၀ဘ်ဆိုဒ်တစ်ခုရှိပါတယ်။ ကြောင်တွေကို ဖန်ပုလင်း ထဲ မွေးမြူပုံမွေးမြူနည်း လမ်းညွှန်ချက်တွေကို ထောက်ပံ့ပေးထားတာပါ။ အဲ့ဒီ့မွေးမြူခံကြောင်လေးတွေရဲ့ အရိုးတွေဟာ ပျော့ပြီး ဖန်ပုလင်းရဲ့ ပုံစံခွက်အတိုင်း ကြီးပြင်းလာကြမှာပါ။ Bonsai Plant တွေကြီးလာ သလိုမျိုးပေါ့။
Bonsai Kitten .com ကို မန်ဆာချူးဆက် နည်းပညာတက္ကသိုလ် MIT မှ ကျောင်းသား တစ်ဦးက Dr. Michael Wong Chang ဆိုတဲ့ အမည်တုနဲ့ ဖန်တီးခဲ့တာပါ။ ဒီ ၀ဘ်ဆိုဒ်ကြောင့် ပြည်သူလူထုရဲ့ တိရိစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းတွေထံ တိုင်းတန်းချက်တွေ အစုလိုက်အပြုံလိုက် ထွက်ပေါ်လို့လာခဲ့ပါတယ်။ ၀ဘ်ဆိုဒ်မှာပါတဲ့ အကြောင်းအရာတွေဟာ အတုအယောင်တွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါဟာ တိရိစ္ဆာန်အကြမ်းဖက်မှုတွေဆီကို ဦးတည်လှုံ့ဆော်နေတယ်လို့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့အစည်းတွေက ဖော်ပြကြတယ်လို့ မီချီဂန် တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေး (MSPCA) ရဲ့အချက်အလက်တွေ အရ သိရပါတယ်။
၎င်းဝဘ်ဆိုဒ်ရဲ့ ကနဦးပုံစံဟာ ပိတ်ချခံလိုက်ရပေမဲ့ ၄င်းဝဘ်ဆိုဒ်ကို ပိတ်ဖို့ (ဒါမှမဟုတ်) အင်တာနက်
ဝန်ဆောင်မှုထောက်ပံ့ရေး (ISP) ကို တိုင်တန်းဖို့ ဆိုပြီး အသနားခံလွှာတွေ ထွက်ရှိလာစေပါတယ်။
တကယ်တမ်း Bonsai Kitten .com ကို ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ အပြောင်အပျက်အနေနဲ့
လှည့်ဖျားခြင်းပဲ ဖြစ်ပါတယ်။
Dr. Chang ရဲ့အဆိုအရ ကျွန်တော်တို့ ကမ္ဘာကြီးဟာ သဘာဝကို လူသုံးကုန်အဖြစ် မြင်လာကြတာ များလာပါတယ်တဲ့။ ဒါ့ကြောင့် ယခုလိုမျိုး ၀ဘ်ဆိုဒ်တစ်ခုဟာလည်း လူတွေဟာ ကောင်းကောင်းကြီး လိုချင်တဲ့ဟာ တစ်ခုဖြစ်လာပါလိမ့်မယ်တဲ့။ ဒီလိုနဲ့ လူသိန်းပေါင်းများစွာဟာ ဒီ ၀ဘ်ဆိုဒ်ကို အာရုံစိုက်မိလာကြပါတယ်။ ယခု မြန်မာနိုင်ငံမှာ Facebook ပေါ်ကနေ Bansai Kitten လေးတွေရောင်းတယ်ဆိုတဲ့ Page တစ်ခုဟာလည်း လူတွေ အာရုံစိုက်လာအောင် လှည့်ဖျားပုံရပါတယ်။ ဒီလို လူအများအာရုံစိုက်လာအောင်
လှည့်ဖျားခြင်း (Spoof) ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုကို အားပေးအားမြှောက်လုပ်ရာကျတယ်လို့ တိရိစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းတွေက ဆိုထားပါတယ်။
TrendMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 9, 2015
အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ Bonsai Kitten ရဲ့ ဇစ်မြစ်
အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ Bonsai Kitten ရဲ့ ဇစ်မြစ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment