Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

အိုဘားမားရဲ့ ခွင့်ပြုချက်အရ ငွေစက္ကူ ကိုယ်တိုင်ရိုက်နှိပ်သုံးစွဲသူ အမျိုးသမီး အဖမ်းခံရ

သမ္မတဘားရက်အိုဘားမားက ကိုယ်တိုင် ငွေစက္ကူရိုက်နှိပ်နိုင်သည့်ဥပဒေတရပ်အသစ် ပြဋ္ဌာန်းခဲ့ကြောင်း အွန်လိုင်းတွင် ဖတ်ရှုခဲ့ရသောကြောင့် ငွေစက္ကူအတုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တက်နက်ဆီပြည်နယ်၊ ကင်းစပို့ထ်မြို့မှ အမျိုးသမီးတဦးက ရဲကို ပြောပြခဲ့သည်။ ကုန်စုံဆိုင်တဆိုင်တွင် ငွေစက္ကူအတုနှင့် ဈေးဝယ်နေကြောင်း တိုင်တန်းချက်အရ ရဲကသွားရောက်စစ်ဆေးခဲ့သည်။ လူဖြူအမျိုးသမီး တဦးသည် ရဲများရောက်ရှိမလာမီ ဒေါ်လာငွေစက္ကူအတုဖြင့် ဈေးဝယ်သွားခဲ့ကြောင်း အရောင်းစာရေးတဦးက ရဲကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရဲက စစ်ဆေးကြည့်ရှုရာတွင် ပုံမှန်မိတ္တူကူးစက္ကူဖြင့်ကူးထားပြီး ငွေစက္ကူဖက်နှစ်ဖက်ကို ကော်ဖြင့်ကပ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ငွေစက္ကူပိုင်ရှင် ပါမက်လာဒေါင်းစ် (၄၅ နှစ်)ကို ရဲက ရှာဖွေ ရာတွင် သူမ၏ ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတုကိုလည်း တွေ့ခဲ့ရသည်။ အိမ်တွင်းလုပ် အဖြူ အမည်းပုံနှိပ်မင်ဖြင့် ပြုလုပ်ထားသည့်အပြင် ငွေစက္ကူနှစ်ဖက်ကို ပြောင်းပြန်ကပ်ထားသည်ကိုလည်း တွေ့ခဲ့ရ သည်။ သူမ၏ ပိုက်ဆံအိတ်ထဲမှနေ၍ ပရင်တာနှင့် မိတ္တူကူးစာရွက်များဝယ်ထားသည့် ဘောက်ချာများကိုလည်း တွေ့ခဲ့ရသည်။ မစ္စဒေါင်းစ်ကို ဖမ်းဆီးလိုက်ပြီးနောက် သူမအိမ်မှ ဒေါ်လာ ၃၀၀၀၀ မှ ၅၀၀၀၀ အထိရှိသော ပုံနှိပ်ထားသည့်ငွေစက္ကူတုများကိုပါ တွေ့ရှိခဲ့ကြသည်။
ရည်ညွှန်း - အာရ်တီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment