Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ချီလီ၏ ကိုပါအမေရိက အောင်ပွဲအပေါ် အပျော်လွန်အကျူး အောင်ပွဲခံရာမှ လူ၃ဦး သေဆုံးခဲ့


ယခုနှစ် ကိုပါ အမေရိက ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ချီလီ အသင်းသည် ယမန်နေ့က ကျင်းပသော ဗိုလ်လုပွဲတွင် ရေပန်းစားနေသော အာဂျင်တီးနားကို ပင်နယ်တီဖြင့် အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံး ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။

ချီလီ အသင်းသားများအား တင်ဆောင်လာသည့် အမိုးပွင့် ဘတ်စ်ကားက လာမိုနီဒါ သမ္မတနန်းတော်သို့ ရောက်ရှိလာရာ ထောင်နှင့်ချီသော လူအများက ကြိုဆိုခဲ့ကြသည်။

ကျောင်းသား အုပ်စုတစ်စုက သေနတ်များ ပစ်ခတ် အောင်ပွဲခံခြင်းကို တားမြစ်ရန် အိမ်ရှေ့ထွက်ခဲ့သည့် လူးဝစ် အယ်ဖရက်ဒို ဗီနီဂတ်စ် အမည်ရှိ အမျိုးသား တစ်ဦးမှာ သေနတ် ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။

အသက် ၉၀ အရွယ်ရှိ ပတ်ဘလို မိုရာ ဘိုဘာဒီလာနှင့် အသက် ၄၈နှစ် အရွယ်ရှိ မာကို အန်တိုနီယို ပါနက်စ် ကယ်ဖီကေး အမည်ရှိ အမျိုးသား ၂ဦးမှာ ယာဉ်တစ်စီး၏ တိုက်မိပြီး သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်နှင့် တိုက်မိသော အခြား ၃ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ကားဒရိုင်ဘာမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။

ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂို တောင်ပိုင်းတွင် လူ၁၀၀ကျော် ပါဝင်သော လူအုပ်တစ်ခုက စူပါမားကတ် တစ်ခုမှ ပစ္စည်းများကို လုယူရန် ကြိုးစားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။

အခြား မြို့ကြီးများ ဖြစ်ကြသော အန်တာဖာဂတ်စ်တာနှင့် ဗယ်ပါရိုင်ဆိုတို့တွင်လည်း ဖမ်းဆီးခံရသူများ ရှိကြောင်း သိရသည်။
PlanetMyanmar

No comments:

Post a Comment