Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်နေသည့် လေယာဉ်ကွင်း ပြီးခါနီးနေကြောင်း ဓာတ်ပုံများကဖော်ပြ


ဘန်ကောက်၊ ဇူလိုင် ၂
အငြင်းပွားနေသော တောင် တရုတ်ပင်လယ်၏ ဝေးလံသောအ စိတ်အပိုင်းများတွင် တရုတ်နိုင်ငံ၏ လူလုပ်ကျွန်းများတည်ဆောက်နေ ခြင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီ ဟု အမေရိကန်သုတေသနအဖွဲ့တစ် ခုမှထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံ များတွင် တွေ့ရသည်ကိုစေ သတင်း တွင်ဖော်ပြသည်။
Fiery Cross ကျောက်တန်း တွင် မီတာ ၃ဝဝဝ ရှိသော လေယာဉ် ကွင်းတည်ဆောက်နေခြင်းသည် ပြီး ဆုံးတော့မည်ဟု ဂြိုဟ်တုဓာတ်ပုံ များကို ထုတ်ပြန်ပေးသော အာရှရေ ကြောင်းပွင့်လင်းမြင်သာမှုအဖွဲ့အ စည်းကဆိုသည်။
ထိုကျောက်တန်းပေါ်တွင် ပင် မလမ်းကြောင်းတစ်ခု၊ လေယာဉ်ပြေး လမ်းနှင့် လေယာဉ်ပြေးလမ်းကိုပိတ် ထားသည့် အပိတ်တစ်ခုကို ဓာတ် ပုံအတွင်း မြင်တွေ့ရကြောင်း ထို အဖွဲ့ကဆိုသည်။
တောင်တရုတ်ပင်လယ်တွင်းမှ တရုတ်၏ ကျွန်းစီမံကိန်းခုနစ်ခုမှ ငါးခုတွင် စစ်တပ်အတွက် အသုံးပြု နိုင်သည့်စခန်းများကို တည်ဆောက် ထားပြီဟု ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြသည်။ ဂြိုဟ်တုဓာတ်ပုံများအ ရ Fiery Cross ကျောက်တန်းနှင့်ဲJohnson South ကျောက်တန်းတွင် လည်း လေယာဉ် ပြေးလမ်း၊ ရဟတ် ယာဉ်ကွင်းနှင့် ဆက်သွယ်ရေးဧရိ ယာတိုင်များကိုပါ မြင်တွေ့ခဲ့ရသည်။
ထိုဓာတ်ပုံများအရ ဆောက် လုပ်ပြီးစီးနေသည့် ဆိပ်ကမ်းများ၊ ထောက်ပံ့ရေးသင်္ဘောများနှင့် လက် ရှိဆောက်လုပ်ရေးလုပ်ငန်းများကိုပါ တွေ့ရသည်။ ဝါရှင်တန်ပို့စ်သတင်း ၏ ဖော်ပြချက်အရ တရုတ်သည် ကျောက်တန်းများကို မြေဖို့ခြင်းဖြင့် ကျွန်းများကို ဖန်တီးနေသည်ဟု သိ ရသည်။
''စစ်တပ်ကာကွယ်ရေးမရှိမဖြစ် လိုအပ်နေခြင်းမှလွဲ၍ ကျွန်းများတည် ဆောက်နေခြင်း၏ အဓိကရည်ရွယ် ချက်မှာ အရပ်ဘက်တောင်းဆိုသူ များကို ဖြည့်ဆည်းပေးရန်၊ တရုတ် ၏ နိုင်ငံတကာတာဝန်များနှင့် ဝတ္တ ရားကို ကောင်းမွန်စွာဆောင်ရွက် ရန်တို့အတွက်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကဆိုသည်။
dpa
တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်နေသည့်လေယာဉ်ကွင်းအား ဝေဟင်မှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အင်တာနက်
Yangon Media Group

No comments:

Post a Comment