Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

ဦးပိန်တံတားကို ရှေးမူမပျက်စေရန် ကျွန်းတိုင်လုံးများဖြင့် အစားထိုးလဲလှယ်မည်

Friday, July 17, 2015 ဦးပိန်တံတားပြုပြင်ရာ တွင် ရှေးမူမပျက်စေရန် တံတားတိုင်လုံးများကို ကျွန်းတိုင်လုံးများ ဖြင့် အစားထိုးလဲလှယ်ပြုပြင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
နိုင်ငံတော်အစိုးရက ဦးပိန်တံတားပြင်ဆင်ရန် ကျပ်သိန်း ၂,၂၇၀ ချထားပေးပြီး တံတားတိုင်လုံးများကို ကျွန်းသားအစား သစ်မာသားများဖြင့် အစားထိုးပြုပြင် မည်ဟု သတင်းထွက်ပေါ်လာ သောကြောင့် ဝေဖန်မှုများရှိခဲ့ ၍ ၀န်ကြီးက ပြန်လည်ရှင်းလင်း ခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်းနဲ့ပဲ လုပ်မယ်။ အား လုံးရဲ့ အကြံပြုချက်မှာလည်း ကျွန်းပဲလုပ်တာ ကောင်းပါတယ် ဆိုတဲ့အတွက်ကြောင့် ကျွန်းနဲ့ပဲ လုပ်မယ်’’ဟု ၀န်ကြီးကဇူလိုင် ၁၆ ရက်တွင် ပြောသည်။
လဲလှယ်ပြုပြင်ရန် လိုအပ်သည့် ကျွန်းတိုင်ပေါင်း ၁၀၀ လဲလှယ်မည်ဖြစ်ပြီး ယခင်တိုင်ဟောင်းများကို အလဟဿ မဖြစ်စေရန် သင့်လျော်ရာ ပြတိုက်၌ ပြသထား မည်ဖြစ်ကြောင်း ၀န်ကြီးက ပြော ကြားသည်။
ဦးပိန်တံတား ကျွန်းတိုင် ဟောင်းဟုဆိုကာ အတုအပပြု လုပ်၍ တစ်ပေပတ်လည်လျှင် ဒေါ်လာ ၅,၀၀၀ ခန့် ဈေးပေါက်နေကြောင်း၎င်းကပြောသည်။
ဦးပိန်တံတား ပြင်ဆင်မှုကို ယခုဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ပြီး တံတား ပြုပြင်ပြီးစီးပါက ပြည်ပ ဧည့် သည်များအား တံတားပေါ် တက် ရောက်ခွင့် ငွေကြေးကောက်ခံ ခြင်း၊ တံတားအရှေ့နှင့် အ နောက်ထိပ်များတွင် လုံခြုံရေး ၀န်ထမ်းများ ခန့်အပ်ထားခြင်း စသည့် အစီအမံများ ဆက်လက် ဆောင်ရွက်မည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက် မှ စတင်ကာ ဦးပိန်တံတားရှိ ဆိုး ဆိုးရွားရွား ပျက်စီးနေသော အ ခန်းပေါင်း ၂၁ ခန်းကို မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြင်ပအလှူရှင်များ အစီအစဉ်ဖြင့် ကျပ်သိန်း ၁၃၀ အကုန်အကျခံ ပြင်ဆင်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။
တောင်သမန်အင်းမှ အမရပူရမြို့နှင့် အရှေ့ဘက်ရှိ တောင်သမန်ကျေးရွာသို့ ဆက်သွယ်ထား သော ၃,၉၆၇ ပေရှည်လျားသည့် ဦးပိန်တံတားကို ကျွန်းတိုင် ၁,၀၈၆ လုံးဖြင့် မြန်မာ သက္ကရာဇ်၁,၂၁၁ (ခရစ်နှစ် ၁၈၉၄)တွင်မြို့စာရေးဦးပိန်က တည်ဆောက်ခဲ့သ
ည်။
ဦးပိန်တံတားအောက်တွင် လှော်ခတ်နေသော သမ္ဗန်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment