Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

အသားအရည်အတွက်လည်း ကောင်းတဲ့ သင်္ဘောသီးအစိမ်းရဲ့ အံ့မခန်းဖွယ် အကျိုးကျေးဇူးများ (အပိုင်း-၂)

မမှည့်သေးတဲ့ သင်္ဘောသီးအစိမ်းတွေမှာ အနံ့ပြေပြေလေး တစ်မျိုးရှိပါတယ်။ သူ့မှာ နူးညံ့တဲ့အဖြူရောင် အသားရှိပြီး ဗီတာမင်-စီ အရင်းအမြစ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ သင်္ဘောသီးစိမ်းက ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ရနိုင်တဲ့ အဓိကနေရာတစ်ခုပြီး ကယ်လိုရီ အနည်းသာပါရှိတယ်။ အစာချေဖျက်မှု အကူအညီဖြစ်စေတဲ့ pectin ပမာဏမြင့်မားစွာပါဝင်ပါတယ်။

သင်္ဘောသီးစိမ်းမှ ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ဘင်္ဘောသီးစိမ်းကို အစာချေ အက်စစ် ချို့တဲ့သူ၊ အစာအိမ်အတွင်း ချွဲသလိပ်များလွန်းခြင်း၊ အစာမကြေရောဂါနဲ့ အူကျိန်းစပ်ဖြစ်သူတွေအတွက် အလွန်ထိရောက်ပါတယ်။

သင်္ဘောသီးစိမ်းဖျော်ရည် သောက်သုံးခြင်းကလည်း သားအိမ် ကြွက်သားမျှင်များ ကျုံ့စေကာ အမျိုးသမီးများရာသီသွေးစီးဆင်းမှု ပုံမှန်ဖြစ်စေပါတယ်။ အအေးမိခြင်း သို့မဟုတ် trauma ကြောင့် အမျိုးသမီးတွေမှာ ရာသီမလာတဲ့အခါအမျိုးတွေမှာ အထူးသဖြင့် အကူအညီဖြစ်စေပါတယ်။

သင်္ဘောသီးစိမ်းမှ ထွက်တဲ့အရည်မှာ ဝက်ခြံနဲ့ အရေပြား အဖုအပိမ့်ထွက်ခြင်းစတဲ့ အရေပြားပုံမှန် မဟုတ်တဲ့ရောဂါများ ကုသရာမှာ အရမ်းအကျိုးထိရောက်မှုရှိပါတယ်။ အနာတွေမှာ လိမ်းပေးမယ် ဆိုရင်လည်း ပြည်တည်ခြင်းနဲ့ ယောင်ကိုင်းခြင်းကို တားဆီးပေးပါတယ်။ သင်္ဘောသီးစိမ်းနဲ့ လုပ်ထားတဲ့ အနှစ်အခဲနဲ့ မျက်နှာကို လိမ်းကျံတဲ့အခါ အနီဖုတွေဖယ်ရှားပေးကာ အသားအရေကို ချောမွတ်သိမ်မွေ့စေပါတယ်

TrendMyanmar

No comments:

Post a Comment