CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 2, 2015
အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ မပေးနိုင်၊ အထည်ချုပ် လုပ်ငန်းရှင်တွေ ဆန္ဒခံယူ
အနည်းဆုံးလုပ်ခလစာ ကျပ်၃၆၀၀ သတ်မှတ်မှုနဲ့ ပတ်သက်လို့ ဒီနေ့ ညနေ ၃ နာရီထိုးကစပြီး ရန်ကုန်မြို့ UMFCCI မှာ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသင်းဝင်တွေဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲမှာတက်ခဲ့တဲ့ လုပ်ငန်းရှင်တွေထဲမှာ ၂၅၀၀ တောင်မပေးနိုင်တဲ့သူတွေ ပါနေပါတယ်၊ ဒါကြောင့် ၃၆၀၀ ကိုမပေးနိုင်ပဲ ၂၅၀၀ ပဲပေးနိုင်ပါ့မယ်၊ ကျန်တဲ့၁၁၀၀ ကို အစိုးရ ဒါမှမဟုတ် အဖွဲ့စည်းတွေက ထောက်ပံ့ပေးဖို့ အထည်ချုပ်လုပ်ငန်းရှင် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကပြောပါတယ်။
၃၆၀၀ကို မပေးနိုင်ဘူး၊ အခုလိုဆန္ဒခံယူခဲ့တာပါ၊ ဒီနှုန်းအတိုင်းဆို မြန်မာပြည်မှာရှိတဲ့ တရုတ် ကိုရီးယား
ဂျပန် အထည်ချုပ်စက်ရုံတွေ ၉လပိုင်း၁ရက်နေ့ အကုန်ပိတ်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
သတင်းဓာတ်ပုံ - အောင်သူ
DVB TV News
အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ မပေးနိုင်၊ အထည်ချုပ် လုပ်ငန်းရှင်တွေ ဆန္ဒခံယူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment