Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

ဖမ်းမိဘင်္ဂါလီများ အနက်မှ (၁၆၀) ကျော်အား နိုင်ငံသားအဖြစ် လက်ခံကြောင်း ဘင်္ဂလားဒေ့ရှ် အကြောင်းပြန်


 ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ ဖမ်းဆီးရမိသည့် ဘင်္ဂါလီများအနက်မှ အယောက်(၁၆၅)ဦးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် စိစစ်လက်ခံကြောင်း သံတမန် အဆက်အသွယ်အရ အကြောင်း ပြန်ထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနထံမှ သတင်းရရှိသည်။

  “လက်ရှိ အခြေအနေမှာတော့ နှစ်ဖက်လွှဲပြောင်းရေး ကိစ္စတွေကို ကျွန်တော်တို့ရဲ့အထက်အဆင့်ကို တင်ပြဆဲ ဖြစ်ပါတယ်။ ဘယ်တော့ လွှဲပြောင်း နိုင်မလဲဆိုတာကို အတိအကျ မသိရသေးပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက The Messenger Media သို့ ပြောသည်။

 ထိုကဲ့သို့ နိုင်ငံသားအဖြစ် စိစစ်လက်ခံမှုကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးမှတစ်ဆင့် ဇူလိုင်လ(၁၃)ရက်နေ့က အကြောင်းပြန်စာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

  “ကျန်နေတဲ့ ဘင်္ဂါလီတွေကိုလည်း သူတို့ (ဘင်္ဂလားဒေ့ရှ်) ဘက်က လက်မခံဘူးလို့ ပြောမထားဘူး၊ ဆက်လက်ပြီးတော့ နိုင်ငံသား စိစစ်တဲ့အပိုင်းတွေကို ဆက်လုပ်သွားဖို့ သဘောတူထားပါတယ်” ဟု ဦးစိန်ဦး က ဆိုသည်။

 ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းကလည်း ကော့သောင်းမြို့နယ်၊စောင်းကောက်ကျွန်း အနီးတစ်ဝိုက်တွင် ဘင်္ဂါလီလူမျိုး (၁၀၂) ဦးအား တပ်မတော်(ရေ)မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ အခြေအနေများအား ဆက်လက် ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

  ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း အနီး၌ မေလ(၂၉)ရက်နေ့က တပ်မတော်(ရေ)မှ ဘင်္ဂါလီလူမျိုး (၇၀၀)ကျော် အား ဖမ်းဆီးရမိခဲ့ကာ ရခိုင်-ဘင်္ဂလားနယ်စပ် တောင်ပြိုလက်ဝဲရှိ ယာယီ ထိန်းသိမ်းရေး စခန်းတွင် ခေတ္တ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

The Messenger Media
http://www.messengernewsjournal.com

No comments:

Post a Comment