Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 9, 2015

ကောလာဟလတွေကြောင့် ဇနီးသည်ကို အ၀တ်မပါပဲ လမ်းပေါ်လျှောက်စေခဲ့တဲ့ ခင်ပွန်း


အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဇနီးသည်က ဖောက်ပြန်တယ်လို့ ယုံကြည်နေတဲ့အတွက် သူ့ရဲ့မိန်းမ ကို
 ရိုက်နှက်ခဲ့ပြီး အ၀တ်အစားမပါပဲ မြို့ထဲမှာ လမ်းလျှောက်စေခဲ့ပါတယ်။

Wang Ni လို့ခေါ်တဲ့အမျိုးသမီးဟာ အတွင်းခံများသာ ၀တ်ဆင်ကာ ယာဉ်ကြောပိတ်ဆို့တဲ့ မြို့တွင်းတစ်နေရာ
ကို လမ်းလျှောက်ပြီး "ကျွန်မရဲ့ ခန္ဓာကိုယ်ကိုရောင်းချင်တယ်" ဆိုတဲ့ စာသားကိုရေးထားတဲ့ ဆိုင်းဘုတ်ကို 
ကိုင်ဆောင်ထားတာကို ပြည်သူအချို့က တွေ့ရှိခဲ့ကြပါတယ်။

အသက် ၃၃ နှစ်အရွယ်  Wang Ni ဆိုသူအမျိုးသမီးဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် Zhang ရဲ့ ရိုက်နှက်ခြင်းကိုခံထားရပြီး တရုတ်နိုင်ငံ ၊ Yushan ခရိုင် အတွင်းမှာ အရှက်တရား နဲ့ လမ်းလျှောက်ဖို့အတွက် အတင်းစေ
ခိုင်းခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူ Zhang ကတော့ အနောက်ကနေ ကားနဲ့ လိုက်ကြည့်နေခဲ့တယ်လို့ 
သိရပါတယ်။

သူတို့ စုံတွဲမှာ သမီး ၂ ယောက်ရှိပြီး Zhang ကတော့ အခြားမြို့တစ်မြို့မှာ သွားရောကင်နေထိုင်ကာ အိမ်ရာ 
ဖွံဖြိုးရေးလုပ်ငန်းအတွက် နာရီပေါင်းများစွာ အလုပ်လုပ်နေရပါတယ်တဲ့။ သူတို့စုံတွဲနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ
 ပြောပြခဲ့တာကတော့ သူဟာ သူ့ရဲ့ ဇနီးကို အပြစ်တင်နေတတ်တဲ့အကြောင်းအရာက သူတို့ ၂ ယောက်ရဲ့ 
၁၀ နှစ်တာ အိမ်ထောင်ရေးအတွင်း ဇနီးဖြစ်သူက သမီး ၂ ယောက်သာ မွေးပေးခဲ့ပြီး သားတစ်ယောက်မှ 
မမွေးပေးခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ရက်မှာ Zhang က ရှားရှားပါးပါး အိမ်ကိုပြန်လာပြီး သူငယ်ချင်းတွေနဲ့ အရက်သွားသောက်တဲ့အခါမှာမှ 
Wang ဟာ အခြား ယောကျာင်္း တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ ကောလာဟလ တွေကို ကြားသိခဲ့
ရပြီး အိမ်ပြန်ကာ Wang ကို ရိုက်နှက်ခဲ့တဲ့အပြင် သူမကို အ၀တ်အစားတွေ ချွတ်စေကာ လမ်းပေါ်ကို 
ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်စေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လမ်းပေါ်မှာ အတွင်းခံများသာ ၀တ်ဆင်ပြီး စိတ်ဆင်းရဲစွာ လမ်းလျှောက်နေရတဲ့ Wang ကို 
ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိသွားပြီး ရဲစခန်းသို့ခေါ်ဆောင်လာကာ Zhang ကိုလည်း မေးခွန်းထုတ် စစ်ဆေး
ခဲ့ပါတော့တယ်။ အဲဒီလို စစ်ဆေးလိုက်တဲ့အခါမှာမှ အမျိုးသမီး ဟာ ဖောက်ပြန်ခဲ့တာမဟုတ်ပဲ အမျိုးသား
ကသာ မှားယွင်းတဲ့ ကောလာဟလ တွေကို နားယောင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ အဖြေကို ကြားသိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ Zhang က သူ့ရဲ့ ဇနီးသည်ကိုတောင်းပန်တဲ့အနေနဲ့ ပြည်တွင်း သတင်းစာ ထဲမှာ
 တောင်းပန်စာ ထည့်သွင်းရေးသားခဲ့ပေမယ့်လည်း Wang ကတော့ သူ့ရဲ့ တောင်းပန်မှုကို လက်မခံ
 သေးပါဘူး။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment