ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters) |
မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့က ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge ကို သတ်ပစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။
လူသတ်မှုက အရင်နှစ် စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တာပါ။
ဒီကနေ့မှာ စတင်တဲ့ လိပ်ကျွန်းလူသတ်မှု ကြားနာပွဲကို ကွယ်လွန်သူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင် တချို့ တက်ရောက်နားထောင်ဖို့ ရှိပါတယ်။
ထိုင်းရဲတွေကတော့ မြန်မာ နှစ်ဦးက လူသတ်မှု ကျူးလွန်တယ်လို့ ပြောဆိုပြီး DNA အထောက်အထား ရှိတယ်လို့ ပြောပါတယ်။
မြန်မာနှစ်ဦးကတော့ လူမသတ်ရဘူးလို့ ပြောဆိုထားပြီး ထိုင်းရဲက ဖိအားပေးပြီး အတင်းဝန်ခံခိုင်းလို့ ဝန်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီအမှု ကြားနာမှုက စက်တင်ဘာလအထိ ကြာမှာဖြစ်ပြီး တရားရုံးက အောက်တိုဘာလမှာ စီရင်ချက် ချမှာ ဖြစ်ပါတယ်။
ဇော်လင်းနဲ့ ဝင်းဇော်ထွန်းဘက်က လိုက်ပေးတဲ့ ရှေ့နေတွေကတော့ ထိုင်းတရားရုံးက သူတို့ကို DNA ကို သီးသန့်လွတ်လပ်စွာ စစ်ဆေးခွင့် ပေးခဲ့ပေမယ့် စစ်ဆေးခွင့် မရသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံဘက်က ပွင့်လင်းမြင်သာစွာ မသိရတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း မြန်မာတွေကို ကိုယ်စားပြုတဲ့ Andy Hall က ပြောပါတယ်။
သေဆုံးသူ ဗြိတိန်နိုင်ငံသား မိသားစုတွေကတော့ ထိုင်းရဲတွေရဲ့ ပြောဆိုချက်နဲ့ ဗြိတိန်နိုင်ငံက စစ်ဆေးရေးသမားတွေရဲ့ ပြောပြချက်အရ မြန်မာ နှစ်ဦးမှာ အပြစ်ရှိတယ်လို့ ယူဆကြောင်း အရင်နှစ်က ပြောဆိုခဲ့ဖူးပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment