Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 9, 2015

မြန်မာပြည်အနှံ့ ခြေဆန့်မယ့် ကျော်ကျော်ဗို

မြန်မာနိုင်ငံရှိ သဘာဝ အလှအပနေရာများသို့ သွား ရောက်ရိုက်ကူးမည့် ‘Ride On Myanmar’ ခရီးသွား
ရုပ်သံအစီ အစဉ်တွင် ပါဝင်ရိုက်ကူးရန်အစီ အစဉ်ရှိကြောင်း ကျော်ကျော်ဗို က ပြောသည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ ရေမြေ တောတောင်ကိုသွားမယ်ဆိုတာ က တကယ့်ကို မော်တော်ကား တွေဆိုရင် လမ်းကြမ်းလည်းသုံး လို့ရတဲ့ 4X4 တွေ ဆင်ပြီးသွား မယ်။ နောက်ပြီး လမ်းပေါ်မှာ Tant (တဲ)လေးတွေထုတ်ပြီး နေ မယ်။ ကိုယ့်ဟာကိုယ် Portable မီးဖိုလေးတွေနဲ့ ချက်စားမယ်။ အဲ ဒီလို သဘာဝခရီးသွားပုံစံမျိုးသွား မယ်’’ဟု ၎င်းက ပြောသည်။

ယင်းပရိုဂရမ်ကို သြဂုတ်အ တွင်း စတင်ရိုက်ကူးမည်ဖြစ်ပြီး ပထမဆုံးခရီးစဉ်အဖြစ် ဧရာဝတီ တိုင်းဘက်သို့ သွားရောက်ရန် ပြင်ဆင်ထားကြောင်း ၎င်းကဆို သည်။

‘‘အစ်ကိုက ခရီးသွားရတာ လည်း ၀ါသနာပါတယ်။စွန့်လည်း စွန့်စားချင်တယ်။ ရေမြေအလှအ ပတွေကိုလည်း မြတ်နိုးတယ်။ နေ ရာဒေသအသစ်တွေကိုလည်း ပရိ သတ်တွေကို ပြချင်တယ်။ ငါတို့ နိုင်ငံမှာ ဒီလိုနေရာတွေ အများ ကြီးရှိပါတယ်။ ကမ္ဘာမှာ အရမ်း လှတဲ့နေရာတွေကို ပိုင်ဆိုင်ထား တယ်ဆိုတာ ပြချင်တယ်’’ဟု အ ဆိုပါပရိုဂရမ် ရိုက်ကူးဖြစ်သည့် အကြောင်းကို ပြောသည်။

ယင်းအစီအစဉ်ကို Story Book က ရိုက်ကူးခြင်းဖြစ်ပြီး MNTV ရုပ်သံလိုင်းမှ အောက်တို ဘာလကုန်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေး မည်ဖြစ်သည်။

‘‘ခရီးက တောက်လျှောက် တော့မဟုတ်ဘူး။ မြန်မာပြည်အနှံ့ ခရီးသွားအစီအစဉ်တွေရေးဆွဲပြီး ကိုယ်တို့အဖွဲ့သွားမယ်။ ကိုယ် ကိုယ်တိုင်ကားမောင်းပြီးသွား မယ်။ တချို့ခရီးစဉ်တွေမှာ အနု ပညာရှင်တွေပူးပေါင်းပါဝင်လိမ့် မယ်’’ဟု ကျော်ကျော်ဗိုက ပြော သည်။

7daydaily

No comments:

Post a Comment