Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

လူ့အခွင့်အရေးကော်မရှင်နှင့် ကျောင်းသားများတွေ့ဆုံ

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရသောကြောင့်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ရာ ကော်မရှင်က အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးကို ဇူလိုင် ၂၇ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် ယနေ့ နံနက်
၁၀နာရီမှစ ၍ ညနေ၃နာရီအထိ ကျောင်းသားတစ်ဦးချင်းစီက ကော်မရှင်အဖွဲ့ဝင်
များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
" ကော်မရှင်ကို တိုင်ကြားတဲ့အတွက် ဒီနေ့တယောက်ချင်းစီ ခေါ်တွေ့ပါတယ်။ ပြီးရင် သူတို့ရဲ့တွေ့ဆုံပြောကြားချက်တွေကို စုစည်းပြီးတော့ ကော်မရှင်အဖွဲ့ဝင်တွေ
တိုင်ပင်ပြီး တပတ်၊ နှစ်ပတ်အတွင်းမှာ သတင်းထုတ်ပြန်ချက် ထုတ်ပါမယ်”ဟု မြန်မာ
နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးဇော်ဝင်းက ပြောကြားသည်။
သတင်းဓာတ်ပုံ-နစ်ကီ( 7 Day )

No comments:

Post a Comment