Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

အ၀တ်အစားတွေ စမ်းဝတ်ကြည့်နိုင်မည့် စမတ်ဖုန်း အပလီကေးရှင်း လာတော့မည်


လူစည်ကားသည့် အ၀တ်အစား ဆိုင်များမှာ စိတ်မရှည်စရာ တစ်ခုက အ၀တ်လဲခန်း စောင့်ရခြင်း ဖြစ်သည်။ တော်မတော်၊ ကိုယ့်နဲ့ လိုက်မလိုက် သိရအောင် စမ်းဝတ်ကြည့်ဖို့ အ၀တ်လဲခန်းရှေ့ အ၀တ်အစားတွေ ကိုင်ပြီး တန်းစီ စောင့်ဆိုင်းနေသော လူတန်းကို မြင်ရုံဖြင့် ၀ယ်ချင်စိတ် ပျောက်သွားနိုင်သည်။ ရှောပင်း ထွက်ရသည့် အရသာလည်း လျော့သွားနိုင်သည်။ ထိုပြဿနာကို စမတ်ဖုန်းသုံး အပလီ ကေးရှင်းသစ်က ဖြေရှင်း ပေးနိုင်မည်ဟု သိရသည်။

လက်ရှိတွင် ဖန်တီးဆဲ အဆင့်သာ ရှိသေးသည်။ ဆစ်ဒနီ နည်းပညာ တက္ကသိုလ် UTS မှ ပညာရှင်များသည် အွန်လိုင်းတွင် မိမိပုံဖြင့် အ၀တ်အစားမျိုးစုံကို ၀တ်ကြည့်နိုင်မည့် စမတ်ဖုန်းသစ် အပလီကေးရှင်းသစ် တစ်ခုကို တီထွင်နေကြောင်း သိရသည်။ အပလီကေးရှင်းသည် ၀တ်ကြည့်မည့် လူ၏ခန္ဓာကိုယ် အချိုးအစားကို ဖုန်းကင်မရာ အကူအညီဖြင့် အတိအကျ ရရှိအောင် တိုင်းတာမည် ဖြစ်သည်။

တိုင်းတာ မှတ်တမ်း တင်ပြီးသွားလျှင် ထိုခန္ဓာကိုယ်ဖြင့် ၀တ်လို့ အဆင်ပြေမည့် အ၀တ်အစား ဆိုက်များကို အလိုလျောက် ရွေးချယ်ပေးမည် ဖြစ်သည်။ အရောင်နှင့် အနေအထားကို ကြိုက်နှစ်သက်ပြီဆိုလျှင် အွန်လိုင်းကနေ တစ်ဆင့် မှာလိုက်ရုံဖြစ်သည်။ အရွယ်အစား သည်ကား မိမိခန္ဓာကိုယ် အချိုးအစား အတိုင်း လိုက်ဖက်သည့် ဆိုက်ကို အပလီကေးရှင်းက ရွေးချယ်ပေးထားပြီး ဖြစ်သောကြောင့် မတော်မှာမပူရ။

အပလီကေးရှင်းကို ဆစ်ဒနီ နည်းပညာ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ကျီယန်ကျန်နှင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေးတွင် လုပ်ကိုင်နေသော တွဲဖက် ပါမောက္ခတစ်ဦး ဖြစ်သည့် ချန်ဝူတို့ ပူးတွဲ တီထွင်နေခြင်း ဖြစ်သည်။

ထိုအပလီကေးရှင်းကို မည်သည့် အချိန်တွင် လက်တွေ့ အသုံးပြုနိုင်မည် ကိုကား မသိရသေး။ လက်ရှိတွင် အ၀တ်အစား စမ်းဝတ်နိုင်သော ၀န်ဆောင်မှုအချို့ ရှိနေပြီ ဖြစ်သော်လည်း ကွန်ပျူတာဖြင့်သာ သုံးလို့ရခြင်း၊ စမတ်မှန်ဖြင့်သာ သုံးလို့ရခြင်း ဟူသော အကန့်အသတ်များ ရှိနေသည်။ စမတ်ဖုန်းသုံး အပလီကေးရှင်း အဖြစ် လူတိုင်း သွားရင်း လာရင်းပင် အသုံးပြုနိုင်မည့် စနစ်မျိုး ကင်းမဲ့နေသေးသဖြင့် တီထွင်ဖန်တီးခြင်း ဖြစ်ကြောင်း သိရသည်။
messenger news journal

No comments:

Post a Comment