Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

ယာဉ်ကြောပိတ်ဆို့လို့ အလုပ်ကို မြင်းစီးပြီးသွား


ကားတွေရှုပ်ထွေးနေတဲ့ မြို့ထဲမှာ မြင်းတစ်ကောင်ကို လူတစ်ယောက် စီးနင်းသွားခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ မြို့ပြက ယာဉ်ကြော ပိတ်ဆို့တဲ့ နေရာတွေမှာ မြင်းစီးတာကို မြင်တွေ့ဖူးခြင်း နည်းပါးတာကြောင့် ဒီအပြုအမူကို ထူးခြားစရာအဖြစ် ထင်မိကောင်း ထင်မိပါလိမ့်မယ်။ တကယ်တော့ အလုပ်ကိုသွားရာမှာ ယာဉ်ကြောပိတ်ဆို့နေတာကြောင့် မြင်းကို စီးနင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်တာကြောင့် မြင်းစီးရင်း အလုပ်သွားနေတဲ့ ဓာတ်ပုံကို လူမူကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ ၀ူပာန်မြို့ကဖြစ်ရပ်ဖြစ်ပြီး မြင်းစီးသူဟာ မြင်းတွေထားတဲ့ ကလပ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ အလုပ်ကိုသွားရာ အလွန်နောက်ကျခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မူကို ဖြေရှင်းနိုင်ဖို့ မြင်းကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၀ူပာန်မြို့သားတွေက ကြံကြံဖန်ဖန် စိတ်ကူးရတတ်တဲ့ မြင်းစီးသမားကို ချီးကျူးခဲ့ကြသလို မြို့ထဲမှာ မြင်းတစ်ကောင်နဲ့ လျှောက်သွားနေတာကို မြင်တွေ့ရတာကြောင့် အထူးအဆန်းသဖွယ် ကြည့်ရှုနေခဲ့ကြပါတယ်။
messenger news journal

No comments:

Post a Comment