Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

နေထိုင်နေတဲ့ အိမ်ကိုရောင်းပြီး သေးငယ်တဲ့အိမ်လေးနဲ့ ခရီးသွားမယ့် ချစ်သူစုံတွဲ


အိပ်မက်ဆန်တယ်လို့ ပြောနိုင်ပေမယ့် စိတ်ကူးတွေကို လက်တွေ့အကောင် အထည် ဖော်သွားမယ့်သူကတော့ စတီဖန် နဲ့ ပီယာဆန်တို့ စုံတွဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မြောက် ကယ်ရိုလိုင်းနားမှာ ရှိတဲ့ စတုရန်းပေ (၉၀၀)ရှိတဲ့ လက်ရှိ နေထိုင်တဲ့ အိမ်ကိုရောင်းပြီး စတုရန်းပေ (၁၃၀)သာရှိတဲ့ အိမ်ကိုတည်ဆောက်ကာ ခရီးသွားဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အလွန်သေးငယ်တဲ့ အိမ်လေးကို ကားနဲ့ ဆွဲသွားလို့ရအောင် စီစဉ်ထားတာဖြစ်ပြီး ဒီအိမ်နဲ့ အမေရိကန် ပြည်ထောင်စုတစ်ဝန်းကို ခြေဆန့်မှာဖြစ်ပါတယ်။

ခရီးသွားလာမယ့် အိမ်က သေးငယ်ပေမယ့် အကောင်းဆုံးဖြစ်အောင် ဆောက်လုပ် ထားပါတယ်။ အိမ်ဟာ ရေချိုးခန်း၊ အိပ်ရာ၊ မီးဖိုချောင်၊ အိမ်သာ စတာတွေပါဝင်ပြီး ရေဂါလံ (၂၀)ဆံ့ တိုင်ကီတစ်လုံးကိုလည်း ထည့်သွင်းထားပါတယ်။ သူတို့စုံတွဲဟာ ခရီးသွားမှတ်တမ်း ရုပ်ရှင် ရိုက်ကူးချင်တာကြောင့် ဒီလိုမျိုး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကားကို အိမ်ငယ်လေးနဲ့ ခရီးသွားခြင်းလို့ အမည်ပေးထားပါတယ်။ (၁၈) လကြာမယ့် ခရီးစဉ်ဖြစ်ပြီး အိမ်ငယ်လေးနဲ့ ခရီးသွားလာရမှာ ကြုံတွေ့ရမယ့် အခြေအနေတွေကို မှတ်တမ်းတင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
messenger news journal

No comments:

Post a Comment