Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 3, 2015

ဥပဒေပြုရေးမဏ္ဍိုင်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်အကြား ပွတ်တိုက်မှုများကြောင့် ဒီမိုကရေစီအရွေ့တုံ့ဆိုင်းမှုများဖြစ်ပေါ်နေဟုဆို၊ စာအုပ်ကြီးကို ကာကွယ်မှာလား၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်မှာလားဟု ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ကိုင်ဆွဲကာ သူရဦးအောင်ကို လွှတ်တော်အတွင်း မေးခွန်းထုတ်

ရန်ကုန်၊ ဇူလိုင် ၂- ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသော ကြောင့် ဒီမိုကရေစီ အရွေ့တုံ့ဆိုင်းမှု များ ဖြစ်နေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ဇူလိုင် ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ၄၃၆(ခ)နှင့်ပတ်သက် ပြီး ဆွေးနွေးရာတွင် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
သူရဦးအောင်ကိုက'' ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် အာဏာမဏ္ဍိုင်သုံးရပ်ဟာ သီးခြားစီရပ်တည် လုပ်ဆောင်ခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းသည် သမ္မတနိုင်ငံတစ်ခု၏ ဒီမိုကရေစီယဉ် ကျေးမှုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီအလေ့အကျင့် နှစ်ပေါင်း ၅ဝ ကျော် ကင်းကွာနေခဲ့ တာကြောင့် ဒီမိုကရေစီခရီး အစသည် အဆင်ပြေချောမွေ့မှုမရှိခဲ့ပါ၊ အာဏာ မဏ္ဍိုင်များအနေနဲ့ သီးခြားစီရပ်တည် လုပ်ဆောင်ကြလိုသော်လည်း အပြန် အလှန်ထိန်းကျောင်းမှုကိုမူ လက်မခံ နိုင်သေးသော အနေအထားဖြစ်ပေါ် နေပါတယ်။ အထူးသဖြင့် ဥပဒေ ပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် အကြား ပွတ်တိုက်မှုများဖြစ်ပေါ်လာ ခဲ့သောကြောင့် ဒီမိုကရေစီအရွေ့ သည် တုံ့ဆိုင်း၊ တုံ့ဆိုင်းဖြစ်ပေါ်နေ ပါတယ်''ဟု လွှတ်တော်အတွင်း ပြော သည်။
ယခုပြင်ဆင်ထားသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်းတွင် ပြည် ထောင်စုတရားသူကြီးချုပ်ကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးက ရွေးချယ်တင်မြှောက်ရမည် ဟုပြင်ဆင်ထားကြောင်း ယင်းပြင် ဆင်ချက်ကို အချို့က တရားစီရင် ရေးမဏ္ဍိုင်ကို ဥပဒေပြုရေးမဏ္ဍိုင် အောက်ရောက်သွားမည်ကို စိုးရိမ် နေသည်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
သူရဦးအောင်ကိုက ''နိုင်ငံ တော်သမ္မတကြီးနဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များအားလုံး ကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုခန့်ထားပေးခဲ့သော်လဲ ဖြစ် စဉ်များကိုပြန်ကြည့်ရင် ပြည်ထောင် စုအဆင့် အဖွဲ့ဝင်ပုဂ္ဂိုလ်အချို့က တောင်မှ လွှတ်တော်ကြီးကို စိန်ခေါ် နေတာကို သတိပြုမိရမှာဖြစ်ပါ တယ်။ တရားသူကြီးချုပ်နဲ့ တရား သူကြီးတွေကို လွှတ်တော်က ခန့် ထားခြင်းဆိုတာက ပြည်သူ့ကိုယ် စားလှယ်များ တစ်နည်းအားဖြင့် ပြည်သူက ခန့်အပ်ထားခြင်းကြောင့် မည်သည့်လွှမ်းမိုးမှုမှ မရှိပါကြောင်း'' ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ရေးနှင့်ပတ်သက်ပြီး သူရဦးအောင် ကိုက လွှတ်တော်အတွင်း ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံဥပဒေစာအုပ်ကို ကိုင်စွဲပြ ကာ'' တစ်ခုစဉ်းစားဆုံးဖြတ်ကြပါ။အခြေခံဥပဒေဆိုတဲ့ ဒီစာအုပ်ကြီးကို ကာကွယ်မှာလား၊ ပြည်သူ့အကျိုးစီး ပွားကို ကာကွယ်မှာလားဆိုတာက တော့ နာယကကြီးခင်ဗျာ ပြည်သူ့ထံမှ သာ အဆုံးအဖြတ်ရယူသင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။
YM , MP
Yangon Media Group 
‪#‎DemocracyTodayNewspaper‬
https://www.facebook.com/democracytodaynewspaper
ပည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို။ ဓာတ်ပုံ - MNA

No comments:

Post a Comment