CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 4, 2015
ဗန်ပါစီကို ရောင်းထုတ်ရန် မန်ယူ ကြိုးစား နေဟု တိုက်စစ်မှူး ဟောင်းဟော့ ဂျွန့် ဖွင့်ဟ
မန်ချက် စတာ ဇူလိုင်၃
နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဟောင်း၊ ဖီနာ ဘာချီ ကစား သမားဟောင်း ဖြစ်သည့် ဗန်ဟော့ဂျွန့် က ပြီးခဲ့သည့် လပိုင်း အတွင်း မန်ယူအသင်း သည် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ ကို ရောင်းထုတ်ရန် ကြိုးစား ခဲ့သည်ဟု ထုတ်ဖော် ပြောဆို သွားခဲ့ပြီး ဗန်ပါစီ အနေဖြင့် ဥရောပ ဖလား ပြိုင်ပွဲ မတိုင်မီ ပုံမှန် ပွဲထွက်ခွင့် ရရန် လိုအပ် သောကြောင့် အသင်း ပြောင်းရွှေ့ သင့်သည်ဟု တိုက်တွန်း ပြောကြား ခဲ့သည်။ အသက် ၃၁ နှစ် ရှိပြီ ဖြစ်သော ဗန်ပါစီ သည် မန်ယူတွင် ပွဲထွက် ခွင့်များများ ရရှိရန် လိုအပ်ပြီး အခြေ အနေကို ကြည့်ကာ အသင်း ပြောင်းကောင်း ပြောင်းနိုင် သည်ဟု ထုတ်ဖော် ပြောဆို ထားသည်။ ဟော့ဂျွန့်က ''ပြီးခဲ့တဲ့ ဇန်နဝါရီ လ ထဲမှာ ဖီနာ ဘာချီ အသင်း က ဗန်ပါစီကို ခေါ်ယူ ချင်တဲ့ အတွက် မန်ယူ အသင်းက ရောင်းချ ဖို့စီစဉ်ပြီး သတင်း အချက် အလက်တွေ ပေးခဲ့တယ်။ ဗန်ပါစီရဲ့ မန်ယူနဲ့ စာချုပ်ဟာ နောက်နှစ်မှာ ကုန်ဆုံး တော့မှာမို့ ဒီအချိန် မှာပဲ ဈေး ကောင်းကောင်း နဲ့ ပြောင်းနိုင်ဖို့ အေးဂျင့်တွေ ကပါ ကြိုးစား နေကြတယ်။ ဗန်ပါစီဟာ နောက်နှစ် နွေရာသီ ပြင်သစ်မှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ မတိုင်မီ ၁ဝ လ အတွင်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ လိုတာ ကြောင့် အခုချိန် အသင်း ပြောင်းသင့် တယ်လို့ တိုက်တွန်း ချင်ပါတယ်''ဟု ဆိုခဲ့
သည်။
#Pyi Chit Thar
ဗန်ပါစီကို ရောင်းထုတ်ရန် မန်ယူ ကြိုးစား နေဟု တိုက်စစ်မှူး ဟောင်းဟော့ ဂျွန့် ဖွင့်ဟ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment