Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ဈေးပြိုင်စနစ် ရောင်းချသည့် နှစ်ရက်အတွင်း ကျောက်စိမ်းတွဲရောင်းရငွေ ယူရိုသန်း ၂၀၀ ကျော်ရှိ

အခြေခံဈေးယူရို ငွေနှစ်သိန်းနှင့်အထက်ရှိ ကျောက်တွဲများကို ဈေးပြိုင်စနစ်များဖြင့် စတင်ရောင်းချနေပြီး ဈေးပြိုင် ကာလနှစ်ရက်အတွင်း ကျောက် စိမ်းအတွဲပေါင်း ၈၀ ကျော်ကို ဆက်လက်ရောင်းချနိုင်ခဲ့၍ ယူ ငွေသန်းပေါင်း ၂၀၀ ကျော် ထပ်မံ ရရှိခဲ့ကြောင်း ကျောက်မျက်ပြပွဲ ကျင်းပရေး ကော်မတီ သတင်း ထုတ်ပြန်ချက်အရ သတင်းရရှိ သည်။

(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပြပွဲကာလ ၁၀ ရက်အတွင်း ကျောက် စိမ်းအတွဲ ၅,၆၃၃ တွဲနှင့် ကျောက် မျက်အတွဲ ၁၂၆ တွဲကို ယူရိုသန်း ပေါင်း ၆၀၀ ကျော်ဖြင့် ရောင်းချနိုင်ခဲ့ပြီးနောက် အခြေခံဈေးယူရို ငွေ ၂,၀၀၀,၀၀၁ နှင့် အထက်ရှိ ကျောက်စိမ်းတွဲများကို ဈေးပြိုင် စနစ်ဖြင့် ဇူလိုင် ၄ ရက်မှစတင် ရောင်းချနေခြင်းဖြစ်သည်။

ဈေးပြိုင်စနစ်တွင် ကျောက် စိမ်းအတွဲပေါင်း ၃၃၅ တွဲကို စ တင်ရောင်းချလျက်ရှိရာ ဈေးပြိုင် ကာလနှစ်ရက်အတွင်း ကျောက် စိမ်းတွဲပေါင်း ၈၃ တွဲကို ရောင်း ချနိုင်ခဲ့ပြီး ယူရိုသန်းပေါင်း ၂၁၅ ဒသမ ၆၇ သန်းရရှိခဲ့ကြောင်း ကျောက်မျက်ပြပွဲ ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်သည်။

‘‘အနေအထားကတော့ တင်ဒါစနစ်နှင့် ဈေးပြိုင်စနစ်ပုံမှန် အနေအထားတော့ရှိပါတယ်။ သူ တို့ဟာနဲ့ သူတို့ ဈေးပေးပြီးတော့ ပုံမှန်ဝယ်တဲ့ အနေအထားရှိပါ တယ်’’ဟု ကျောက်စိမ်းလုပ်ငန်း ကော်မတီ လက်ထောက် ညွှန် ကြားရေးမှူး ဦးမင်းသူက ပြော ကြားသည်။

ကျောက်စိမ်း အတွဲပေါင်း ၈,၆၀၈ တွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၃ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ပြီး ကျောက်စိမ်းအတွဲ ၈,၆၀၈ တွဲအနက်၅,၆၃၃ တွဲကို ရောင်းချနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

ဈေးပြိုင်အတွဲ ၃၃၅ တွဲ အနက် ကျန်ရှိသည့် ၉၅ တွဲကို ဇူ လိုင် ၆ ရက်တွင် ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။

(၅၂) ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင် ပြည်တွင်းမှ ရတနာကုန်သည် ၂,၀၀၀ကျော်နှင့် ပြည်ပမှ ရတနာကုန်သည် ၂,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ကျောက်မျက်ရတနာရောင်းချပွဲ ကို ဇူလိုင် ၆ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပသွား မည်ဖြစ်သည်။

နေပြည်တော်ကျောက်မျက်ပြပွဲ ကျင်းပပြုလုပ်နေစဉ် (ဓာတ်ပုံ − MOI)

7 Day

No comments:

Post a Comment