Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

မိကျောင်းကိုနမ်းပြနိုင်တဲ့ ဝန်ထမ်းတွေကို အပိုဆုကြေးပေး


တရုတ်နိုင်ငံက ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ က ဝန်ထမ်းတွေအတွက် လုပ်ခလစာအပြင် အပိုဆုကြေးငွေရယူနိုင်ဖို့ ထူး ခြားတဲ့ ယှဉ်ပြိုင်မှုတစ်ခုကို ဖိတ်ခေါ်ယှဉ်ပြိုင်စေတာကြောင့် ဝန်ထမ်းတွေများ စွာက ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။

အသွားအစွယ်တများများ ထွက်နေတဲ့ မိကျောင်းရဲ့ ပါးစပ်ကိုတိပ်နဲ့ ပတ် ပိတ်ထားတဲ့ နှုတ်ခမ်းကို အနမ်းပေးနိုင်တဲ့ မည်သည့်ဝန်ထမ်းကိုမဆိုဒေါ်လာ ၁၆၀ (ဝမ် ၁၀၀၀) ပေးသွားမှာပဲ ဖြစ်ပါတယ်။
လူးကာလွန့်ကာဖြစ်နေတဲ့ မိကျောင်းရဲ့ခန္ဓာကိုယ်နဲ့ နောက်အမြှီးကိုတစ်ဖက် လူကဆွဲပေးထားပြီး ယှဉ်ပြိုင်မယ့်လူကနှုတ်ခမ်းကို စက္ကန့်အနည်းငယ်နမ်းပြ ရတဲ့ယှဉ်ပြိုင်မှုက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဝန်ထမ်းအမျိုး သား၊ အမျိုးသမီးတွေ အားလုံးနီးပါးတို့က ဒီပြိုင်ပွဲအတွက်မကြောက်မရွံ့ဝင် ရောက်ယှဉ်ပြိုင်နေတာကို အခုလိုပဲ မြင်တွေ့ရပါတယ်။

ယင်းကုမ္ပဏီက ဂန်ဒေါင်းပြည်နယ်မှာရှိပြီး ကုမ္ပဏီကထုတ်လုပ်တဲ့ အလှကုန် ပစ္စည်းများရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ မိကျောင်းသတ္တဝါကို အသိမှတ်ပြုပြီး နှုတ်ဆက်အနမ်းပေးတဲ့အနေနဲ့ ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်ပါတယ်။

phothutaw

No comments:

Post a Comment