Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 29, 2015

အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များပေး


 လူသားချင်း စာနာထောက်ထားမှုများဖြင့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များပေး

နေပြည်တော်၊ ဇူလိုင် ၃၀ ရက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော်တည်ငြိမ် ရေးနှင့် ထားရဝငြိမ်းချမ်း မှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (မြန်မာသက္ကရ် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်) နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးခဲ့ပါသည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲ စေရေးအတွက် မြန်မာနိုင်ငံသားအကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment