Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

'၆ဂ' အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များကို အငှားယာဉ်အဖြစ် ပြောင်းလဲခွင့်ပြု

ရန်ကုန်၊ ဇူလိုင် ၉
'၆ဂ' အက္ခရာ ယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီး ယာဉ်ငယ်များကို အငှားယာဉ်အဖြစ် ပြောင်းလဲလိုပါက ပြောင်းလဲပေးသွား မည်ဖြစ်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာန (ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန)မှသိရသည်။
'၆ဂ'အက္ခရာယာဉ်နှင့် အ ထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ ကို ကညနမှ လိုင်စင်သက်တမ်းတိုးရာ တွင် ဇူလိုင်လမှစ၍ နှစ်နှစ်တစ် ကြိမ်သို့ ပြောင်းလဲလိုက်ပြီး '၆ဂ'အက္ခ ရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ် စီးယာဉ်ငယ်များ အငှားယာဉ်သို့ ပြောင်းလဲပါက လိုင်စင်သက်တမ်းတိုး ရာတွင် တစ်နှစ်တစ်ကြိမ်သာ ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီး မှူးရုံး မြင်သာ(ကညန)မှ အကြီးတန်း အရာရှိတစ်ဦးက ''ဇူလိုင်လကစပြီး '၆ဂ'အက္ခရာယာဉ်နှင့်အထက် ကိုယ် ပိုင်အိမ်စီးကားတွေကို အငှားကား အဖြစ်ပြောင်းချင်ရင် ပြောင်းပေးမှာ ပါ။ ဒါပေမဲ့ လိုင်စင်သက်တမ်းတိုး တာကတော့ တစ်နှစ်တစ်ကြိမ်ဖြစ် သွားမှာပါ၊ ဘာလို့လဲဆိုတော့ အ ငှားယာဉ်တွေက လမ်းပေါ်မှာ ၂၄ နာရီ ပြေးဆွဲနေတာဆိုတော့ အန္တရာယ် မရှိရအောင်လို့ တစ်နှစ်တစ်ကြိမ်ပဲ စစ်ဆေးမှုပြုလုပ်ရမှာပါ''ဟု ပြောသည်။
အငှားယာဉ် ပြောင်းလဲလိုပါက အငှားလိုင်စင်ရရှိကြောင်းနှင့် ကညန လျှောက်ပြီးပြောင်းပြီးကြောင်း စာရွက် စာတမ်းများ လိုအပ်မည်ဖြစ်ပြီး အ ငှားကားနှင့်မတူတဲ့အတွက် အငှားမှတ် ပုံတင်ခပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
''မှတ်ပုံတင်သက်တမ်း နှစ်နှစ် ဆောင်ပြီးသားကားများ အငှားကား အဖြစ်ပြောင်းရင်တော့ သက်တမ်းတိုး တဲ့မှတ်ပုံတင်ခကိုမကောက်ပါဘူး၊အငှားမှတ်ပုံတင်ခကို ပြန်ကောက် မှာပါ''ဟု ဆက်လက်ပြောသည်။
ယခင်က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော် တော်ယာဉ်များကို တစ်နှစ်လျှင်တစ် ကြိမ် သက်တမ်းတိုးဆောင်ရွက်ပေး လျက်ရှိရာ ၁၅.၁၁.၂ဝ၁၂ ရက်မှ စတင်ကာ Brand New တင်သွင်း လာသော ကိုယ်ပိုင်အိမ်စီးမော်တော် ယာဉ်များကို ကနဦးမှတ်ပုံတင်ချိန်မှာ သက်တမ်းသုံးနှစ်အထိ တိုးမြှင့်ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ACKK
Democracytoday

No comments:

Post a Comment