Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

သေသွားပြီဖြစ်တဲ့ ဦးအောင်သောင်းအကြောင်းနဲ့  လိမ်ညာမှုတစ်ခု။


 ကိုအောင်ဇင်လတ် ရေးထားတဲ့ပိုစ်ကိုတွေ့ တော့ အံ့သြလည်း အံ့သြ မိပါတယ်။ အံ့သြလည်း မအံ့ သြပါဘူး။ ဘာ ဟွေပုံလောင်းတိုက်ပွဲမှာ ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့လို့  သူရဲကောင်းမှတ်တမ်းဝင် ဖြစ်ခဲ့တယ်ဆိုဘဲ။

ရေးလည်း မရေးခြင်ဘူး။ ဒါပေမဲ့ အမှန်တရားကို သိနေတဲ့သူတစ်ယောက်အနေနဲ့  ဒီအတိုင်း လက်ပိုက်ကြည့်နေလိုတော့ မဖြစ်ဘူး ဆိုပြီး မရေးခြင်၊ ရေးခြင်နဲ့  ရေးလိုက်ဦးမယ်။ ဟုတ်ကဲ့ သွားလေသူ အဘရေ။ အောက်က ဘယ်ဘက်စွန်း ဓါတ်ပုံ ၂ ပုံက ကျနော့ဆီမှာ ရှိနေတာ ကြာပါပြီ။ လက်စက်သပ်တော့ အဘက မိတ်ဆွေဟောင်းကြီးကို။ အင်း အဘ အသက်ရှင်တုန်း ပြလိုက်ရမှာ။

အဘတို့ တပ်တွေ ဟွေပုံလောင်းထိုးတော့ ကျနော်လည်း ရှိနေတာပေါ့။ တော်လှန်ရေး ကျောင်းသား တပ်ဖွဲ့ ဝင်၊ ကျောင်းဆရာလေးပေါ့။ KNPP ဌာနချုပ် ဟွေပုံလောင်းဌာနချုပ်ကို ဗမာ့တပ်မတော်က နှစ်စဉ် ထိုးစစ် ဆင်ပါတယ်။ သားတို့ တောထဲ မရောက်ခင် ၈၈ တော့ မထိုးဖြစ်ခဲ့ဘူး။ အခြေအနေတွေ ရှုပ်နေတယ်မှတ်လား။ ၈၉ ဟွေပုံလောင်း မကျခင် က KNPP ထိန်းချုပ်ထားနိုင်ခဲ့တာ ကယားပြည် သံလွင်မြစ် အရှေ့ ဘက်ကမ်း တလျောက် တခုလုံးကိုဘဲ။ ဒါတွေထားလိုက်ပါဦး။

အဲ့လို နှစ်စဉ်နှစ်တိုင်း ဗမာ့တပ်မတော်က ထိုးစစ်ဆင်ရင် KNPP တပ်တွေက ခွာစစ်ကို သုံးတယ်။ နယ်မြေအနေအထား၊ တပ်လူအင်အား အနေအထားအရ စခန်းသေ၊ ခံစစ်သေ မထိုင်ပါဘူး။ တပ်တွေလာရင် ပေးဝင်၊ မိန်းမနဲ့ ကလေးတွေက တဖက် နိုင်ငံထဲရှောာင်၊ ဟွေပုံလောင်းမှာ ရှိတဲ့ တပ်တွေက ပြောက်ကျားလိုက်ပစ်၊ အရင်တုံးက စစ်ကြောင်းတက်လာတာနဲ့  သူတို့ နေတဲ့ တဲတွေကို အကုန်မီးရှို့ ကြတာပါဘဲ။ ပျော်ပျော်ပါးပါးပေါ့။ စခန်းသိမ်းတဲ့ တပ်ကလည်း တပတ်တောင် မနေဘူး၊ ပြန်ဆုတ်၊ ပြန်ဆုတ်မှ KNPP ရဲ့ စစ်ကြောင်း ၂ က လမ်းတလျောက် ပျောက်ကြားလိုက်ပစ်ပေါ့။

အဘတို့ ထိုးစစ်မဆင်ခင်လေးတင်မှာ တင် အဲ့ဒီအချိန်က ဗကပ မှာ အာဏာသိမ်းမှုတွေဖြစ်ပြီး တိုက်ပွဲတွေ မရှိတော့ တပ်တွေ ပိုလာတာပေါ့။ ထိုးစစ်ဆင်လာတော့ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေကတောင် အကြံပြုကြတယ်။ KNPP ခေါင်းဆောင်တွေကို။ ဒီတခါ ထိုးရင်တော့ အနည်းဆုံး ၉၀ မေ ရွေးကောက်ပွဲအထိ စခန်း ထိုင်နိုင်တယ်ပေါ့။ သူတို့က အရင်ကလိုဘဲ တပတ်လောက်ဘဲ နေမှာပေါ့ဆိုပြီးဘဲတွက်နေကြတယ်။ တိုက်ပွဲတလျောက် နောက်ဆုံး ခံစစ်စည်းမှာ ကျနော်ရှိနေခဲ့ပါတယ်။

ဟိုနေ့က ဖေ့စ်ဘုတ်ပေါ်မှာ အဘရဲ့ စစ်ဗိုလ်ဘ၀ ဓါတ်ပုံတချို့နဲ့ အယ် ၈၉ ဟွေပုံလောင်းမှာ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများဆိုတဲ့ ဓါတ်ပုံလည်း တွေ့လိုက်ရော မပြုံးဘဲ ၀ါးလုံးကွဲအောင်ရီခြင်တော့တာပါဘဲ။ အဘက သိပ်နောက်တာဘဲ။ အဲ့ဒီအချိန်က ဒီဘက်က ဆုံးတာ M16 နှစ်လက်ပါ။ တစ်လက်က သားတို့ ကျောင်းသားဆီက။ အဲ့ဒီလူက ကျနော် မသွားပါနဲ့ ပြောထားလျှက်နဲ့ သွားတာ။ တစ်ယောက်က MLA က မိုင်း နင်းမိပြီး အဖေါ်က တွဲခေါ်တာ လက်မခံဘဲ အသေခံသွားတာ။ KNPP က တစ်ယောက်ကျတယ်။ လက်နက်ကြီး ကျည်မှန်ပြီးတော့။ လက်နက် မဆုံးဘူး။

အဘတို့တပ်တွေ ထိုင်းပိုင်နက် ဟွေဟိုင်းရွာထဲ သိသိကြီးနဲ့ဝင်တော့ ထိုင်းတပ်ကပစ်တာ တစ်ယောက်ကျတယ်လေ။ နယ်စပ်ဘုရားကျောင်းမှာ ထိုင်း အလံ ၂ခု ထောင်ထားတာ တွေ့ရက်နဲ့ တစ်ကီလိုကျော်ကျော်လောက် ၀င်တော့ ကိုယ့်အလွန်ပေါ့။ ဟိုကတောင် ပြောသွားသေးတယ်။ စစ်သားတွေ သနားစရာဘဲတဲ့၊ စုတ်ပြတ်သက်နေတာဘဲတဲ့လေ။

အဘအခုသေတော့ အဘဓါတ်ပုံတွေကို တပ်မတော် ဖေ့စ်ဘုတ်မှာ တင်ပေးတဲ့သူက တင်ပေးတာပေါ့။ ဟုတ်တာပေါ့ အဘရယ်၊ အဘ စစ်ဗိုလ်ဘ၀က စုတ်စုတ်ပြတ်ပြတ်နဲ့ တကယ့် ရှေ့တန်းစစ်သားကြီးဘဲ။ အဲ့လိုသာ ဆက်နေသွားရင် Good Soldier ဆိုတဲ့ ဂုဏ်အတင်ခံရမှာ။ ခုတော့ လောဘ ဇောတွေ ဖုံးလွှမ်းသွားတော့။ အင်း အဘ အဲ့ဒိဓါတ်ပုံထဲမှာ ရှိတဲ့ လက်နက်ကြီးက အဲ့ဒိအချိန်က KNPP မှာတောင်မရှိသေးဘူးလေ။ ပွှို်င့် ၅ ကြီး ထင်တယ်။ သိပ်မသဲကွဲလို့။ ဒါမှ မဟုတ် ဘဇူကာကြီးလား။ အဲ့ဒီတုန်းက ထွက်ပြေးလာတဲ့ ရှမ်းပြည်က ပေါ်တာ တွေကိုမေးကြည့်တော့ သုံးခြောင်းထောက်တခုပါတယ်တဲ့။ အဲ့ဒါ BZK ခေါ်တယ်ဆိုဘဲ။ ပွိုင့် ၅ စက်သေနတ်ကြီးလည်း အဲ့ဒီအချိန်မှ KNPP ကစကြားဘူးတာ။

အဘတို့က ခပ်တည်တည်ဘဲနော် လိမ်တာ။ အဘတို့ အဲ့လို လိမ်တယ်ဆိုတဲ့အကြောင်း ၁၉၉၅ မှာ လွိုင်ကော် ဒစကမှုး ဦးမောင်ကြည်နဲ့ ကွိုင်ပြီး ဒီဘက်ကိုပြေးလာတဲ့ ဗိုလ်ကြီး ကျော်စိုးလည်း ပြောဖူးပါတယ်။ တခါ တိုက်ပွဲတခု မှာ ဗိုလ်ကြီး အလောင်း တခုရလို့ သူ့ ဒိုင်ယာရီကိုကြ့ည် လိုက်တော့ အဲ မနက်ဖြန်အတွက် ကြိုတင် အစီရင်ခံစာ ရေးထားပြီးပြီလေ။ အဘရေ ခုနက ပြောသလိုဘဲ ဆုံးခဲ့တာ M16 နှစ်လက်တည်းပါ။ အဘတို့ ရှိနေတုန်း အဘတို့နား တိတ်တိတ်လေး ၀င်ပြီး ဖွက်ထားခဲ့တဲ့ ၈၁ မမ မော်တာကျည်တွေ ၀င်ယူသွားတာ မသိဘူးမှတ်လား။ ၀င်ယူတဲ့ အထဲ အခု မဆူးပွင့် Mi Sue Pwint တောင်ပါသေးတယ်။ ပရိတ်သတ်
တို့ ရေ၊ အဲ့ဒီ သိမ်းဆည်းရမိတဲ့ လက်နက်များဆိုတာ အမှားကြီးမှားနေပါတယ်။

(ရေးသားသူ - ဇော်လင်း)။
https://www.facebook.com/163648693810986/photos/pcb.493283570847495/493283470847505/?type=1&theater


No comments:

Post a Comment