Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

ဗီယက်နမ်သို့ ရောင်းချမည့် အပေါ့စားဖရီးဂိတ် စစ်သင်္ဘောနှစ်စင်း ရောင်းချရေး နောက်ဆုံးအဆင့် စေ့စပ်ဆွေးနွေး


ဟနွိုင်း ၊ ၆-၇-၂၀၁၅

ရုရှားနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံ တို့သည် Gepard အတန်းအစား အပေါ့စား ဖရီးဂိတ် စစ်သင်္ဘော နှစ်စီး ရောင်းချပေးရေး အတွက် နောက်ဆုံးအဆင့် စေ့စပ် ဆွေးနွေးလျက် ရှိကြောင်း အဆိုပါ ကိစ္စရပ် နှင့်နီးစပ်မှု ရှိသည့် သတင်း အရင်းအမြစ် များက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံ အနေဖြင့် ရုရှားနိုင်ငံထုတ် အလားတူ အပေါ့စား ဖရီးဂိတ် စစ်သင်္ဘော လေးစီး ရှိကြောင်းနှင့် ၄င်းတို့အနက် နှစ်စီးကို လက်ရှိတွင် လက်နက်များ တပ်ဆင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စစ်သင်္ဘော ရောင်းဝယ်ရေး သဘော တူညီချက်ကို ဇူလိုင် လကုန်ပိုင်းတွင် ရရှိနိုင်ဖွယ် ရှိကြောင်းနှင့် ရုရှားနိုင်ငံက ဗီယက်နမ် နိုင်ငံကို ခေတ်မီ လက်နက်များ ထောက်ပံ့ ပေးနေမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ် ပူပန်လျက် ရှိသည်ဟု ထုတ်ဖော် ပြောကြား ခဲ့ပြီးနောက် အဆိုပါ စေ့စပ် ဆွေးနွေးမှုများ နှောင့်နှေး ကြန့်ကြာ လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံ တို့သည် ၁၉၇ဝ ပြည့်လွန်နှစ် များတွင် စစ်ဖြစ်ပွား ခဲ့ပြီး တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းအချို့ နှင့်ပတ်သက်၍ အငြင်းပွားလျက် ရှိနေသည်။ ဗီယက်နမ် နိုင်ငံတွင် ရုရှား နိုင်ငံလုပ် Kilo အတန်းအစား ရေငုပ်သင်္ဘော လေးစီးရှိပြီး နောက်ထပ် နှစ်စီးကို လက်ခံရရှိရန် မျှော်မှန်း ထားသည့်အပြင် လေတပ်ကို လည်း အဆင့် မြှင့်တင်ရန် နည်းလမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment