မွတ်စလင်တချို့ ဖျက်ဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ဘုရားဝန်း (Credit: ABC) |
ဘာသာကွဲပြားသူတွေအကြား ချစ်ခင်မှု ပြသတဲ့အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နေဝင်ချိန်ရောက်မှ ဥပုတ်ချိုးခွင့်ရတဲ့ မွတ်စလင်တွေကို ဗုဒ္ဓဘာသာ ကျောင်းမှာ အစားအသောက်ခေါ်ကျွေးတာဖြစ်ပြီး အဲဒီလို ဓာတ်ပုံတွေ တင်ပြီးတဲ့နောက် လူသိများသွားတာ ဖြစ်ပါတယ်။
အဲဒီဘုန်းကြီးကျောင်းကို အေအက်ဖ်ပီက သွားရောက် လေ့လာတဲ့အခါမှာတော့ တနင်္လာနေ့ညတုန်းက မွတ်စလင် အယောက်ပေါင်း ၃၀၀ လောက် ဘုန်းကြီးကျောင်း ဂိတ်ဝမှာ စောင့်ဆိုင်းနေကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ ဘုန်းကြီးကျောင်းမှာ အစားအသောက် သွားယူခဲ့တဲ့ အသက် ၇၀ အရွယ် မွတ်စလင် အမျိုးသမီးကလည်း ဒီနေရာမှာ ချစ်ခြင်း မေတ္တာ အပြည့်အဝနဲ့ စီစဉ်ထားတဲ့ အစားအသောက်ကို စားရတဲ့အတွက် အတော်ဝေးတဲ့ ခရီးကို လမ်းလျှောက်ပြီး လာတာလို့ ပြောပြခဲ့ပါတယ်။
အစားအသောက်ဝေငှ နေတုန်း ပြဿနာတွေ မဖြစ်အောင် စောင့်ရှောက်ပေးတဲ့ ရဲအရာရှိတစ်ဦးကလည်း ဒီလုပ်ရပ်ဟာ ဘာသာခြားတွေအကြား ချစ်ခြင်းကို ပြသတဲ့ ဥပမာကောင်းဖြစ်ပြီး လူမျိုး ဘာသာ မခွဲခြားပဲ တဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်းပေါင်း ၁၉၀ ရှိတဲ့အထဲက ၉၀% ဟာ မွတ်စလင်တွေ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်အနားမှာသာ ဗုဒ္ဓဘာသာဝင် အနည်းစု ရှိပါတယ်။
Dharmarajika ဗုဒ္ဓဘာသာဘုရားကျောင်းရဲ့ လုပ်ရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်တွေကလည်း ကျေးဇူးတင်ကြောင်း လူမှုကွန်ယက်ကနေ ပြောဆိုနေကြပါတယ်။
၂၀၁၂ ခုနှစ်တုန်းကတော့ ကိုရမ်ကျမ်းစာကို ဗုဒ္ဓဘာသာဝင်တွေ မဖွယ်မရာ လုပ်တယ်ဆိုပြီး မွတ်စလင်တချို့က ဗုဒ္ဓဘာသာကျောင်းဝင်းကို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment