Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

အိုင်အက်စ်အဖွဲ့ဝင် ၄၅ ဦး ဥပုသ်ထွက်အစာ အဆိပ်သင့် သေဆုံး


IS အဖွဲ့ဝင် ၄၅ ဦး ဥပုသ်အထွက် အစားအစာ သုံးဆောင်ရာမှ အစာအဆိပ်သင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ စစ်ဒဏ်ခံ အီရတ်နိုင်ငံ မိုဆူးလ်မြို့မှ ရရှိသော သတင်းများအရ အိုက်အက်စ်အဖွဲ့ဝင် ၁၄၅ ဦး ဥပုသ်ထွက်အစာ အိဖ်တာကို အတူတကွ စားသုံးခဲ့ကြရာမှ ၄၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဆိပ်ခတ်ခံရခြင်းလော၊ အစာအဆိပ်သင့်ခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးကြောင်း ကာ့ဒ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါသတင်းကို အီရတ်မီဒီယာ Haaretz ၀က်ဘ်ဆိုက်မှ လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့သားများ အစာအဆိပ်သင့်သည်မှာ ယခုတကြိမ် ပထမဆုံးမဟုတ်ပေ။ နိုဝင်ဘာလအတွင်းက ဆီးရီးယားလွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင်များက စာဖိုမှူးများအဖြစ် အသွင်ယူကာ အိုင်အက်စ်တပ်စခန်းတွင်းသို့ဝင်ရောက်၍ အစာအဆိပ်ခတ်ခဲ့ခြင်းကြောင့် အိုင်အက်အဖွဲ့သာ ဒါဇင်နှင်ချီ၍ သေဆုံးခဲ့သည်။
အဆိုပါသတင်းကို ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော Times of Iraq မှ ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်း၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။
ဥပုသ်ကာလ အိုင်စစ်အဖွဲ့သာများ စားကောင်းသောက်ဖွယ်များ စားသုံးနေသည့် ဓါတ်ပုံများလည်း ထွက်ပေါ်လာပြီး ၎င်းတို့၏ဖိနှိပ်မှုဒဏ်ခံရသော အခြားမွတ်စလင်များ အထူးသဖြင့် ကလေးငယ်များနှင့် အမျိုးသမီးများမှာ ဆီးရီးယားနိုင်ငံ ရက္ကာမြို့တွင် အစာရေစာ ဝေစုရရှိရန် တန်းစီနေသည့် ဓါတ်ပုံများလည်း တချိန်တည်းမှာပင် ထွက်ပေါ်လာသည်။
အိုင်စစ်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကိုဖော်ပြသည့်ဓါတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေလင့်ကစား အစ္စလာမ်မစ်အဖွဲ့ကမူ ၎င်းတို့၏အုပ်ချုပ်မှုအောက်မှ လူဦးရေ ၈ သန်းခန့် ကောင်းမွန်စွာ နေထိုင်စာသောက်နေရကြောင်း ထုတ်ဖော်ပြသလေ့ရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment