Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

ကြေးနီရောင်ခေါင်း မြွေတွေကြောင့် အိုးအိမ်ကို ပစ်ခွာခဲ့ရ




တက္ကဆက်ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးရဲ့အိမ်ထဲကို ကြေးနီရောင်ခေါင်း မြွေတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့တာကြောင့် ကြောက်လန့်ပြီး သူမရဲ့အိုးအိမ်ကို ပစ်ခွာပြေးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ 
“အိမ်ထဲမှာ ဒါမှမဟုတ် ကားတွေထဲမှာ မြွေတစ်ကောင်လောက်ရောက်နေရင်တောင်၊ ကျွန်မကတော့ ပြေးရတော့မှာပဲ။” လို့ အိမ်ပိုင်ရှင် Vicki Barnett ကပြောခဲ့ပါတယ်။ 
Barnett နဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြွေအကောင် ၃၀ သတ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၁ရက်နေ့ညကလည်း မြွေတစ်ကောင် သတ်ခဲ့ရတယ်လို့ NBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Barnett တို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ယခုအိမ်ကိုပြောင်းလာကတည်းက မြွေပြဿနာကို ရင်ဆိုင်နေခဲ့ကြရတာပါ။ 
“ကျွန်မလေ၊ မြွေကို တက်နင်းမိတော့မလို့။ နောက်တော့ ကျွန်မလဲပြေးရုံပြေးပြီး သူတို့ကိုသတ်ဖို့ ကျွန်မခင်ပွန်းထွက်လာတာကို စောင့်နေခဲ့တယ်။” လို့ Barnett ကပြောပါတယ်။ 
မြွေတွေဟာ အများစု ညဘက်မှာ တက်ကြွလှုပ်ရှားတတ်ကြပြီး Barnett ကလည်း မြွေမြင်ရင် ပစ်ဖို့ သွားလေရာ ရိုင်ဖယ်တစ်လက်ကို ဆောင်ထားပါတယ်။ နောက်တော့ Fort Worth တောရိုင်းထိန်းသိမ်းရေး ကိုဖုန်းဆက်ပြီး အကူအညီရယူဖို့ လုပ်ဆောင်ခဲ့ရပါတော့တယ်။
Ref:Daily Mail
http://www.trend.com.mm/2015/07/24/news-7248

No comments:

Post a Comment