Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

အွန်လိုင်း ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစား ခဲ့တဲ့ မိန်းကလေး


တရုတ်နိုင်ငံမှာ ရှိတဲ့ အသက်(၂၃) နှစ် အရွယ် အမျိုးသမီး တစ်ဦးဟာ အွန်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ ချစ်သူကို အယုံလွယ် ခဲ့တာမို့ စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစား ခဲ့တယ်လို့ သိရပါတယ်။ ဒီမိန်းကလေးရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ သူ့ထက် အသက်(၁၀) နှစ် ကြီးတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးရဲ့ မိဘတွေက အွန်လိုင်းပေါ်က ချစ်သူကို သဘောတွေ့ ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကိုပဲ စွဲလန်း နှစ်သက် ခဲ့ပါတယ်။

တစ်နေ့မှာ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကို အပြင်မှာ တွေ့ဖို့ စီစဉ် ခဲ့ပါတယ်။ ဒီအချိန်မှာ ပြဿနာ စတင် ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အွန်လိုင်းပေါ်က ချစ်သူဟာ အပြင်မှာ တွေ့ရတဲ့ ချစ်သူနဲ့ တူညီခြင်း မရှိဘဲ အွန်လိုင်းပေါ်မှာ ဓာတ်ပုံ အတုကို တင်ပြီး မိန်းကလေးကို လှည့်ဖြားမှု ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ သတင်းမှာ ဖော်ပြချက် အရ မိန်းကလေး ဖြစ်သူရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ ထင်မှတ် ထားသလို မဟုတ်ဘဲ ရုပ်အလွန်ဆိုးတယ်လို့ သိရှိ ရပါတယ်။ ဒါကြောင့် မိန်းကလေး ဖြစ်သူဟာ စိတ်ပျက်ပြီး ခုနစ်ထပ်ပေါ်မှာ ရှိတဲ့ ၀ရံတာမှာ ဖန်ကွဲစတွေနဲ့ သူ့ရဲ့ လက်ကို ဖြတ်ပြီး သတ်သေဖို့ ကြိုးစား ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာ ချစ်သူ ဖြစ်သူဟာ လိမ်ညာမှုတွေ ပြုလုပ် ခဲ့တယ်လို့ အော်ဟစ် ပြောဆို ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ် လူမှုကွန်ရက်တွေမှာ ရေပန်းစား ခဲ့ပြီး အယုံမလွယ်ကြဖို့ သတိပေး ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ မိန်းကလေး ဖြစ်သူကို ဆေးရုံကို အချိန်မီ ပို့နိုင်ခဲ့တာ ကြောင့် အသက် အန္တရာယ် စိုးရိမ်စရာ မလိုတော့ဘူးလို့ သိရ ပါတယ်။
messenger news journal

No comments:

Post a Comment