Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

ဘင်္ဂလီဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်း လိုအပ်သည်ထက် ပိုမိုများပြားနေဟု ကြေးမုံသတင်းစာ တုန့်ပြန်


ရန်ကုန်၊ ဇူလှိုင် ၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်စခန်းများတွင် ထောက်ပံ့ ပေးသည့် ပစ္စည်းများမှာ လိုအပ်သည့် အတိုင်းအတာထက် ပိုမိုများပြားနေသည့်အတွက် ပြင်ပတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိနေကြောင်း ယနေ့ထုတ် အစိုးရပိုင် ကြေးမုံ 
သတင်းစာတွင် ဖော်ပြသည်။

ဒုက္ခသည်စခန်းရှိ ဘင်္ဂလီများမှာ စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုရေးအခက် အခဲများရှိနေကြောင်း OIC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံတ ကာ မီဒီယာများက စွပ်စွဲပြောဆိုနေသည့် အပေါ် ကြေးမုံသတင်းစာမှ ဓာတ်ပုံများနှင့် တကွ 
ထိုသို့ ချေပ ပြောဆိုရေးသား ဖော်ပြသည်။


နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ လစဉ်ထောက်ပံ့ပေး
သည့် ဆန်၊ ဆီ၊ ပဲနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ အဝတ်အထည် များ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း များ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ မိုးကာစများမှာ ဒုက္ခသည်များသုံးစွဲနိုင် သည်ထက် ပိုလျှံနေသည့် အတွက် စစ်တွေ မြို့နယ် ဘုမေကျေးရွာအုပ်စု 
ဒါးပိုင်(ဘင်္ဂ လီ) ကျေးရွာအနီး ကားလမ်းဘေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိ သည်ဟု သတင်းတွင် ဖော်ပြသည်။


အဆိုပါ ဆိုင်များမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ထိုဆိုင်များမှ ရောင်းချသည့် ဈေးနှုန်းမှာ အခြားဆိုင်ကြီးများတွင် ရောင်းချသည့် ဈေးနှုန်းများထက် တစ်ဝက်ခန့် သက်သာ နေခြင်းကြောင့် လာရောက်ဝယ်ယူမှုများ ရှိနေသည်ဟု ဆိုသည်။

စစ်တွေမြို့နယ်အတွင်း ဘင်္ဂလီ ဒုက္ခသည်စခန်းများ၏ မြေပြင်ရှိ လူဦးရေ စာရင်းများအား သေချာစွာ စိစစ်ကြပ် မတ်နိုင်မှု 
အားနည်းခြင်း၊ စိစစ်ရန်ခက်ခဲ ခြင်း၊ ဒုက္ခသည်စခန်းကော်မတီဝင်များ၏ တင်ပြသည့် လူဦးရေစာရင်းများကို အ ခြေခံ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ် ခြင်း ပြုလုပ်နေမှုကြောင့် ဒုက္ခသည်စခန်း ကော်မတီဝင်များသည် 
လိုအပ်သော လူဦးရေထက် ထောက်ပံ့မှုပိုမိုရရှိနေသဖြင့် ပိုလျှံသော အသုံးအဆောင်ပစ္စည်းများကို ပြင်ပသို့ ရောင်းချနေကြောင်း 
သတင်း များ ထွက်ပေါ်လျက်ရှိသည်ဟု ဖော်ပြသည်။

(လိုသည်ထက် ပိုလျှံနေသော ဘင်္ဂလီ ထောက်ပံ့ပစ္စည်းများ/ ဓာတ်ပုံ- ကြေးမုံ)
Narinjara 
https://www.facebook.com/pages/Narinjara/151742128171206

No comments:

Post a Comment