Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 29, 2015

ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြားသိန်းနှင့်ချီတွေ့ရှိမှု ဇေကမ္ဘာနှင့်မသက်ဆိုင်ဟု ဦးခင်ရွှေပြောကြား

Byထွန်းခိုင်

ဇေကမ္ဘာဦးခင်ရွှေ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မင်္ဂလာဒုံစက်မှုဇုန်ရှိ ဇေကမ္ဘာဝင်းအတွင်း ကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိသည့် စိတ် ကြွရူးသွပ်ဆေးပြားများရှာဖွေ တွေ့ရှိမှုသည် ဇေကမ္ဘာကုမ္ပဏီ နှင့် သက်ဆိုင်မှုမရှိကြောင်း ဇေကမ္ဘာကုမ္ပဏီတည်ထောင်သူ ဦးခင်ရွှေက ပြောကြားသည်။


ကမ္ဘာပေါ်တွင် ဖမ်းဆီးရမိခဲ့ သည့် စိတ်ကြွရူးသွပ်ဆေးပြားများ အနက် ဒုတိယအများဆုံးပမာဏ ဖြစ်ခဲ့သော စိတ်ကြွရူးသွပ်ဆေး ပြား ၂၆၇ သိန်းကို ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် (၆)လမ်းသွား လမ်းမပေါ်ရှိ ကားတစ်စီးပေါ်မှ မင်္ဂလာဒုံမြို့မ ရဲစခန်းလှည့်ကင်းအဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများကို ရဲက ရှာဖွေတွေ့ရှိပြီး အကြောင်းကြား မှ အဆိုပါအဖြစ်အပျက်ကို သိရှိ ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ပြောသည်။

‘‘နာမည်သာယူလိုက်တာ ဇေကမ္ဘာဝင်းလို့။ ဇေကမ္ဘာနဲ့ လုံးဝ မဆိုင်ပါဘူး’’ဟု ဦးခင်ရွှေ က ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်၊ လက်ရှိဇေကမ္ဘာကုမ္ပဏီဒါရိုက်တာများ၏ ဖခင်ဖြစ်သူ ဦးခင်ရွှေက ရန်ကုန်မြို့တွင် ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲအခမ်းအနားအပြီး သီးသန့်သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများကို ရဲက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဇေကမ္ဘာ ဝင်းရှိ အဆောက်အအုံအချို့ လည်း ရှာဖွေခံခဲ့ရကြောင်း ဦးခင် ရွှေက ဆိုသည်။

‘‘အန်ကယ့် မင်္ဂလာဒုံဥယျာဉ် မြို့တော်ထဲက ဂိုဒေါင်တွေကိုရှာ။ ကြိုက်သလောက်ရှာ။ ရှာတဲ့ အချိန်မှာမတွေ့ဘူး’’ဟု ဦးခင်ရွှေ က ပြောသည်။

ဇေကမ္ဘာကုမ္ပဏီက စီမံခန့် ခွဲနေသည့် မင်္ဂလာဒုံစက်မှုဇုန်ရှိ ဇေကမ္ဘာဝင်းသည် ရန်ကုန်မြို့စွန် ၌ရှိပြီး လူပြတ်သည့်နေရာဖြစ် ၍ ယင်းအချက်များကို အသုံးချ ပြီး မူးယစ်မှောင်ခိုသမားများက မူးယစ်ဆေးဝါးသယ်ဆောင်လာ သည့် ယာဉ်နှင့်တစ်ဆင့်သယ် သည့် ယာဉ်ချင်းလဲလှယ်ရန်ကြိုး ပမ်းခြင်းဖြစ်နိုင်ကြောင်း ဦးခင်ရွှေ က ပြောသည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း သတင်း ထုတ်ပြန်ထားသည်။
http://www.7daydaily.com/story/42971

No comments:

Post a Comment