Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

အရမ်းကြိုက်လို့ ကြက်ကြော်တွေ စားရင်းက ရင်သားတွေဆူလာတဲ့ အမျိုးသား


အမျိုးသားတစ်ဦးဟာ သူသိပ်ကြိုက်တဲ့ ကြက်ကြော်တွေကို စားလေ့ရှိရာမှ ၄င်းထဲမှာပါတဲ့ ဟော်မုန်းဓာတ်တွေကြောင့် ရင်းသားတွေ ဆူလာတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အသက်၂၆နှစ်ရှိ ပြီဖြစ်တဲ့ ဘွဲ့ရအမျိုးသား လီဟာ သူ့ရင်သားတွေ ကြီးသည်ထက် ပိုကြီးလာတဲ့အတွက် အကြံဉာဏ် ရယူဖို့ ဆရာဝန်ထံ သွားပြခဲ့ပါတယ်။

သူဟာ ကြက်တောင်ပံနဲ့ ကြက်ဒူးဆစ်ပိုင်း ကြော်တွေကို စားရတာနှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီလို ကြက်ကြော်ကြိုက်တာကပဲ သူ့ရင်သားတွေ ဆူလာရခြင်း ဖြစ်တယ်လို့ ဆရာဝန်တွေက သူ့ကိုပြောပြခဲ့ပါတယ်။

ကြက်ထဲမှာပါတဲ့ ဟော်မုန်းကို အပြစ်တင်ရမှာပါလို့ ဆရာဝန်တွေက သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒါတွေ စားမယ့်အစား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားသင့်ပါတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။ကြက်ကြော်ဟာ ကမ္ဘာ့လူကြိုက် အများဆုံး အစားအစာဖြစ်ပါတယ်။ တချို့ကြက်တွေနဲ့ တချို့အသား ထုတ်ကုန်တွေမှာ ကြီးထွားဟော်မုန်းတွေနဲ့ တခြားအရာတွေပါဝင်ကြောင်း ကမ္ဘာအနှံ့ စမ်းသပ်မှုများအရ သိရပါတယ်။

trend myanmar

No comments:

Post a Comment