Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

ထိုင်းရောက် မြန်မာလုပ်သားများ နိုင်ငံသားစစ်ဆေးခြင်း ဇူလိုင် ၁၅ရက်တွင် စတင်မည်


 ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နိုင်ငံသားစစ်ဆေးခြင်းအား ဇူလိုင် ၁၅ရက်တွင် စတင်ကောက်ခံမည်ဖြစ်ပြီး စာရင်းကောက်ခံရာတွင် အလုပ်သမားများပေးဆောင်ရမည့် ကုန်ကျငွေများအား အလုပ်သမား ၀န်ကြီးဌာနမှ ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင် ၃ရက်က နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုလုံရေးဝန်ကြီးဌာန အစည်းအဝေးခန်း မတွင် ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီး ၊ ညွှန်ချှုပ်၊ ညွှန်မှုးများ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင် များ အသင်းချူပ် (MOEAF ) နှင့်အေဂျင်စီများ ပါဝင်သောလုပ်ငန်း ညှိနိုင်းအစည်းအဝေး တွင် ပြောခြင်း ဖြစ် ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ နိုင်ငံသာ စစ်ဆေးခြင်းလုပ်ငန်းအတွက် ယခုလ ၁၅ရက်တွင် စတင်မည်ဖြစ်ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ၅ဖွဲ့၊ စာရင်းကောက်အဖွဲ့ ၂၁ဖွဲ့ဖြင့် စတင်လှုပ်ရှားသွားရန်ဖြစ်ကြောင်းနှင့် စာရင်းကောက်ခံရာတွင် အလုပ် သမားများထံ မှ ငွေကြေးလုံးဝ မကောက်ခံရန်၊ စာရင်းကောက်ခံရရှိသော အလုပ်သမားတဦးအတွက် ဘတ် ၃၀ အား ၀န်ကြီးဌာန မှ ပေးချေ သွား မည်ဖြစ်ကြောင်း MOEAF မှ ဦးကိုလေး ဖေဘုတ်စာမျက်နှာတွင်ရေးသား ထားသည်။

ILO နှင့်ပူးပေါင်းရေးဆွဲထားသော per-departure သင်တန်း လက်စွဲ စာအုပ်ပြီးစီးနေပြီဖြစ်သဖြင့် သင်တန်းဆရာများကိုစတင် သင်ကြားပေး ရန်စီစဉ်နေကြောင်း ၊မမှန်မကန် လုပ်ဆောင်နေသည့် ထိုင်းနှင့်မြန်မာအေ ဂျင်စီများအား ထိုင်း၊မြန်မာနှစ်နိုင်ငံ အစိုးရချင်းပူးပေါင်း အရေးယူသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြော ထားကြောင်း ဖော်ပြထားသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအသင်းချူပ်(MOEAF)မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က``ထိုင်းမှာ အလုပ်သမားတွေဆီ စာရင်းကောက်တဲ့သူတွေကို ၀န်ကြီးဌာနက ပေးမှာဖြစ်တယ်။ ၀န်ကြီးဌာ နက ထောက်ပံ့ပေးမှာဖြစ်တယ် အလုပ်သမားတွေက တပြားမှ မကောက် ရဘူး´´ဟု ဇူလိုင်၆ရက် မေးမြန်းဆက် သွယ်ချက်အား ပြန်လည် ဖြေကြား သည်။

အစည်းအဝေးတွင် ၀န်ကြီးက ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များအား တိုင်ကြားခံရသည့် အချိန်မှ လုပ်သားများအရေး ဖြေရှင်းခြင်းမျိုး မပြုလုပ်ဘဲ၊ အလုပ်သမားများအား တိကျသေချာသည့် လုပ်ငန်းများသို့ အရောက်ပို့ဆောင်ရန် စာချူပ်သက်တမ်းကာလအတွင်း မိမိစေလွှတ် လိုက်သည့် လုပ်သားများ အရေးတာဝန်ယူရန် ပြောကြားကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများမှာ သုံးသန်း ခန့်ရှိကြောင်း ထိုင်းနိုင်ငံ လူဝင်မူကြီးကြပ်ရေးထုတ်ပြန်ချက်အရ သိရသည်။

သတင်း-စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment