Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု

Byမိုးညိုထွန်းထွန်းမင်း
ရွှေတိဂုံစေတီတော်နှင့် ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်စိစစ် သုံးသပ်ရန် နိုင်ငံတော်သမ္မတထံ သို့ မြန်မာနိုင်ငံ ဗိသုကာအသင်း က အကြံပြုချက် ပေးပို့လိုက် သည်။

မေလ ၁၇ ရက်က ရန်ကုန် မြို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနရုံးခန်းတွင် ကျင်းပသည့် Save Shwedagon (ရွှေတိဂုံကို ကယ်တင်ကြ)ဖိုရမ်မှတစ်ဆင့် ပ ညာရှင်များ၏ အကြံပြုချက်ကို နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

ရွှေတိဂုံဝန်းကျင်ရှိ အထပ် မြင့် စီမံကိန်းများအားလုံး ဆက်လက် အကောင်အထည်ဖော် ခွင့်မပြုမီ ပညာရပ်ဆိုင်ရာ လေ့ လာဆန်းစစ်ချက်များ မဖြစ်မနေ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းက မေလ ၁၇ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေတိဂုံကယ်တင်ကြ ဖိုရမ်တွင် အမှာစကားပြောကြားနေသော ဗိသုကာပညာရှင်တစ်ဦး
ရွှေတိဂုံကယ်တင်ကြ ဖိုရမ်တွင် အမှာစကားပြောကြားနေသော ဗိသုကာပညာရှင်တစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရွှေတိဂုံစေတီတော်ကြီး၏ လက်ရှိခိုင်ခံ့မှုအခြေအနေ၊ သဂုင်္ တ္တရကုန်းမြေ၏ ယခုလက်ရှိမြေ လွှာမြေကြောများ ခိုင်ခံ့မှုအခြေ အနေနှင့် စေတီတော်ကြီးအနီး တစ်ဝိုက် ရေစီးရေလာစနစ် မြေ အောက်ရေ အသုံးချထားမှုပမာ ဏ၊ ရေဆိုး၊ မိလ္လာအမှိုက်စွန့်ပစ်မှု တို့ကို စနစ်တကျသုတေသနပြု လေ့လာရန်လိုအပ်ကြောင်း အဆို ပါသတင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ရွှေတိဂုံစေတီတော်အပြင် မဟာဝိဇယစေတီ၊ ဆံတော်ကြို (အလံပြ)ဘုရားတို့ကိုလည်း လူ အများ ကြည်ညိုဖူးမြော်နိုင်သည့် မြင်ကွင်းထိခိုက်စေသော မြေအ သုံးချမှု၊ အဆောက်အအုံတည် ဆောက်မှုတို့ကို အဓိကစည်းကမ်း သတ်မှတ်ပြီး ထိန်းသိမ်းရန်လိုအပ် ကြောင်း ဗိသုကာပညာရှင်များက Save Shwedagon ဖိုရမ်တွင် အ ကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါဖိုရမ်သည် ရွှေတိဂုံ စေတီတော်အား ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ နိုင်ငံ ဗိသုကာအသင်းကပထမဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖို ရမ်တွင် မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင် ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ ရှင်၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးပညာရှင် စုစုပေါင်း ၁၀ ဦးက အကြံပြုဆွေးနွေးခဲ့သည်။

ရွှေတိဂုံစေတီ၏ အနီးဝန်းကျင်တွင် အဝေးမှလှမ်း၍ စေတီကို မြင်တွေ့နိုင်သည့်နေရာရှစ်ခုရှိပြီးယင်းအနီးနားတစ်ဝိုက်တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လိုက်ပါကရွှေတိဂုံစေတီ၏ မြင်ကွင်းကွယ်ပျောက်နိုင်ကြောင်း၊ စေတီတော်နှင့်အပြိုင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်မိကြောင်း ရွှေတိဂုံစေတီအနီးအနားရှိ မြင်ကွင်းများကို ကိုယ်တိုင်လေ့လာသုတေသနပြုလုပ်ထားသူ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးကပြောသည်။

‘‘ရွှေတိဂုံဆိုတာ အဝေးက လှမ်းကြည့်ပြီး အများပြည်သူဖူး မြော်နိုင်တဲ့နေရာဖြစ်ရမယ်။ တစ်ဦးတစ်ယောက်က ကိုယ့်အိမ်ခန်းထဲကနေ ဖူးမြော်လို့ရမယ့်အခြေအနေမျိုးတော့ မဖြစ်သင့်ဘူး’’ဟုဒေါ် လှိုင်မော်ဦးကဆိုသည်။

ထို့ပြင် ရွှေတိဂုံစေတီအနီးအနား တစ်ဝိုက်ရှိ စီမံကိန်းများမစတင်မီတွင် မြေအောက်ရေထုတ်ယူသုံးစွဲမှုများက စေတီတော်ကြီး၏ ခံနိုင်ရည်၊ကုန်းတော်၏ခံနိုင်ရည်တို့ကို ဦးစွာဆန်းစစ်လေ့လာသင့်ကြောင်း မြေအောက်ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာနီနီသိန်းကဆိုသည်။

‘‘နိုင်ငံတကာက ပညာရှင်တွေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြမယ်လို့ပြောရင် စီမံကိန်းအကောင်အထည်ဖော်သူအနေနဲ့ အာမခံ နိုင်တယ်။ လောဘတွေကိုတော့ လျော့ပေးပါ။ အမြတ်တော့ နည်းသွားမှာပေါ့’’ဟု ၎င်းကဆိုသည်။

ကမ္ဘာ့မြို့ကြီး အများစုတွင်လည်း ရွှေတိဂုံကဲ့သို့ အထင်ကရ နေရာများ၌ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် ခြင်းကို ထိန်းချုပ်ထားခြင်း၊ စိမ်းလန်းသည့် ဧရိယာများ၊ အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာ များအဖြစ်သာ ဖန်တီးပေးထား ခြင်းများရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ် မို့မို့လွင်ကဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သည် ရန်ကုန်ရှိရှေးဟောင်းအ ဆောက်အအုံများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းတစ်ခု ဖြစ် သည်။

‘‘ဒါတွေ အားလုံးကို ကာ ကွယ်ဖို့ ဥပဒေတွေတော့ အမြန်ဆုံးလိုနေပြီ’’ဟု၎င်းကဆိုသည်။

လက်ရှိတွင် ရွှေတိဂုံစေတီ တော်အနီးဝန်းကျင်ရှိ တပ်မတော် ပိုင်မြေနေရာလေးခုတွင်ပုဂ္ဂလိက ကုမ္ပဏီအချို့က အထပ်မြင့်စီမံ ကိန်းများဆောက်လုပ်ရန် စီစဉ် လျက်ရှိပြီး လတ်တလောတွင် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည်ဆောက်ခြင်းကို ယာယီရပ်ဆိုင်းထားသည်။

အဆိုပါစီမံကိန်းများမှာ စစ်တပ်ပိုင်မြေများကို ပုဂ္ဂလိကကလွှဲ ပြောင်းရယူထားထားသည့် စီမံ ကိန်းများဖြစ်ပြီး ရွှေတောင်၊ သုခ ရတနာ၊ မာဂါလန်းမတ်၊Adven- ture Myanmar and Tour ကုမ္ပ ဏီတို့ဖြစ်သည်။

ယင်းကုမ္ပဏီလေးခုအနက် မာဂါလန်းမတ်နှင့် သုခရတနာကု မ္ပဏီတို့က အဆင့်မြင့် အဆောက် အအုံများတည်ဆောက်မည်ဟု ထုတ်ပြန်ပြောကြားထားပြီး ကျန် ကုမ္ပဏီနှစ်ခုဖြစ်သည့် ရွှေတောင် နှင့် Adventure Myanmar and Tour တို့က မည်သည့်စီမံကိန်းများ လုပ်ဆောင်မည်ကို ထုတ်ပြန်ပြော ကြားထားခြင်းမရှိပေ။

အဆိုပါ စီမံကိန်း အားလုံး သည် ရွှေတိဂုံစေတီတော် အနီး တွင် တည်ရှိနေပြီး စေတီတော်၏ အနီးတစ်ဝိုက်တွင် တည်ဆောက် မည်ဆိုခြင်းအပေါ် မြို့ပြပညာ ရှင်များနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းအချို့က ဝေဖန်အကြံပြု သောကြောင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့က စီမံကိန်းကိုပြန်လည် စစ်ဆေးရန် ပြီးခဲ့သည့်ဖေဖော်ဝါ ရီကစတင်ပြီး ခေတ္တရပ်ဆိုင်းထား ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများအပေါ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း က လေ့လာဆန်းစစ်မှုများပြုလုပ် ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီသို့ ပေးပို့ထား သည်။ စည်ပင်သာယာရေးကော် မတီကလည်း Master Plan ရေး ဆွဲလျက်ရှိပြီး မကြာမီအဆိုပါစီမံ ကိန်းကို ဆက်လက်လုပ်ဆောင် ခွင့် ရ၊မရ အဆုံးအဖြတ်ပေးမည် ဟု ပြည်တွင်း မီဒီယာများအား ပြောကြားထားသည်။
http://7daydaily.com/story/37469

No comments:

Post a Comment