Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 18, 2015

ဒေါက်တာညိုညိုသင်း ဒီချုပ်ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဒေါက်တာညိုညိုသင်းသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ဗဟန်းမြို့နယ်မှ
ယှဉ်ပြိုင်ရန်ပါတီသို့ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိသည်။
လာမည့်ရွေးကောက်ပွဲသည် တိုင်းပြည်အတွက်အလွန်
အရေးကြီးသော အချိန်အခါဖြစ်ပြီးဒီမိုကရေစီအင်အားစုများစုစည်းညီညွတ်မှုအားကောင်းစေရန် ရည်ရွယ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ပါတီဝင်အဖြစ် ဝင်ရောက်ကာရွေးကောက်ပွဲယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု 7Day News အား အတည်ပြုပြောကြားသည်။
"မဲဆန္ဒရှင်တွေအချို့ကတော့ ဒီလိုပါတီဝင်ရောက်လိုက်တဲ့အတွက် အရင်လိုပြောနိုင်ဆိုနိုင် မရှိတော့မှာကို စိုးရိမ်နေကြတယ်။ ကျွန်မအနေနဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ အစိုးရကို
ထိန်းကြောင်းထောက်ပြမှုတွေက ဆက်ရှိနေမှာပါ။
ဒါကိုကတိပေးပါတယ်"ဟု ဒေါက်တာညိုညိုသင်းက
 ပြောသည်။
7 Day News

No comments:

Post a Comment