Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

သမ္မတလုပ်ချင်သူ

 
By ထွန်းခိုင်
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုး ရှင်းလင်းပြောကြားနေစဉ်/ဓာတ်ပုံ - နစ်ကီ
‘‘ကျွန်တော်သမ္မတလုပ်ချင်တာ’’
အထက်ပါစကားကိုပြောကြားလာသူမှာ လက်ရှိသမ္မတဦးသိန်းစိန်လည်းမဟုတ်သလို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်းမဟုတ်ပါ။
မြန်မာနိုင်ငံတွင် သမ္မတဖြစ်လိုသည်ဟု ပွင့်ပွင့်လင်းလင်းပြော ကြားထားသူနှစ်ဦးနှင့် လူထုလို အပ်ပါကဟုသုံးနှုန်းကာ သမ္မတ ဆက်လုပ်မည်ဟုပြောကြားထားသူ လက်ရှိသမ္မတဦးသိန်းစိန်အပါအ၀င် သမ္မတဖြစ်လိုသူသုံးဦးရှိပြီ ဖြစ်ရာ အထက်ပါပုဂ္ဂိုလ်က လေးဦးမြောက်ဖြစ်သည်။

လူသိနည်းလှသည့် နိုင်ငံရေးသမားနှင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုးပင်ဖြစ်သည်။
‘‘စစ်သားချည်းပဲ သမ္မတလုပ် လာတာနှစ်ပေါင်း ၆၀ရှိလာပြီ။ တိုင်းပြည်လည်းမတိုးတက်ဘူး။ ဒီတစ်ခေါက်တော့ လယ်သမားလည်းသမ္မတလုပ်ချင်ပါတယ်’’ဟု ဦးကျော်စွာစိုးက သူ၏အိပ်မက်ကို 7Day News အား ပြောသည်။
သူသည် ပါတီလှုပ်ရှားမှုများ တွင် လေးဖြူ၊ အငဲတို့ပါဝင်သည့် အိုင်စီအဖွဲ့ကို စတိတ်ရှိုးသွင်းပြီး နယ်ခံများနှင့်မိတ်ဆက်ခဲ့သည်။ ပါတီလှုပ်ရှားမှုများ ငွေကြေးများစွာသုံးနိုင်ခြင်းကြောင့် ၎င်းတို့ပါတီကို နောက်ကွယ်မှ ထောက်ပံ့သူ၊ ထောက်ပံ့သော အဖွဲ့အစည်းရှိ မည်ဟု သုံးသပ်သူအချို့လည်းရှိ သည်။ ဆရာစံရုပ်ပုံနှင့် နဂါးဂဠုန် အလံတို့ကို ပါတီတံဆိပ်အဖြစ် အသုံးပြုသည်။ တောင်သူလယ်သမားများအား ငွေချေးမည်ဟုကတိပေးသည်။ ပြိုင်ဘက်များကိုအလဲထိုးမည်ဟုကြုံးဝါးသည်။
နောက်ထပ်အရေးပါသည့် သူ၏ လှုပ်ရှားမှုတစ်ခုက သန်းနှင့် ချီသော တောင်သူလယ်သမားများကို စည်းရုံးနိုင်ပြီဆိုကာ သူ၏ပါတီဝင်အဖြစ်စာရင်းသွင်းခဲ့သည်။
၂၀၁၂နှောင်းပိုင်းတွင်မှစ တင်ဖွဲ့စည်းခဲ့သည့် ဦးကျော်စွာစိုး ၏ တောင်သူလယ်သမားပါတီသ တင်းသည် စာမျက်နှာများပေါ်တွင် သိပ်မတွေ့ရဘဲ တိတ်တဆိတ်နှင့် လျင်မြန်စွာကြီးထွားလာခဲ့သည်။ ဦးကျော်စွာစိုးကသူ့တွင်ပါတီဝင် အင်အားခြောက်သန်းကျော်ရှိ သည်ဟု ဆိုသည်။ သူပြောသည် မှာ မှန်လျှင် သက်တမ်းနှစ်နှစ်ခွဲ သာရှိသေးသည့် ပါတီသည်တစ် ရက်လျှင် လူခြောက်ထောင်ကျော် နှုန်းရအောင်စည်းရုံးသိမ်းသွင်းနိုင် ခဲ့သည့်သဘောဖြစ်သည်။
ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်တို့သည် သူ၏အမာ ခံနယ်မြေများဖြစ်ကြောင်းလည်း ဦးကျော်စွာစိုးကဆိုသည်။
‘‘ပါတီဝင်အင်အားကလည်း ဧရာဝတီတိုင်းတို့ ပဲခူးတိုင်းတို့က ညွှတ်ကျနေအောင်ကို ၀င်ထားတာလေ’’
ပြည်တွင်းအခြေစိုက်အစိုးရ မဟုတ်သောအဖွဲ့အစည်းအချို့က ထုတ်ပြန်သည့် စာရင်းဇယားအ ချို့တွင်လည်း လက်ရှိအချိန်တွင် တောင်သူလယ်သမားပါတီသည် မြန်မာနိုင်ငံ၌ နောက်လိုက်အင် အားအများဆုံးဖြစ်ကြောင်းဖော်ပြ သည်။ ရန်ကုန်အခြေစိုက် Myanm-ar Development Research က ထုတ်ပြန်သည့်နိုင်ငံရေးပါတီများ၏ အချက်အလက်စာအုပ်တွင်လည်း တောင်သူလယ်သမားပါတီ ၏ အင်အားသည်အများဆုံးဖြစ် ကြောင်းရေးသားထားသည်။
ယင်းစာအုပ်တွင် တောင်သူ လယ်သမားပါတီ၏ အင်အားမှာ ငါးသိန်းအထိရှိကြောင်းရေးသား သည်။ အဆိုပါအရေအတွက်သည် Myanmar Development Research စာအုပ်တွင်ဖော်ပြထားသော NLD ပါတီ၏ ပါတီဝင်အင်အားထက် နှစ်ဆခွဲကျော်များပြား နေပြီး ၁၉၈၈ ၌ စတင်ဖွဲ့စည်းခဲ့ သည့်တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ(တစည)ထက် တစ်သိန်းကျော်များပြားသည်။ယင်းစာ အုပ်တွင်ပြည်ခိုင်ဖြိုး၏ နောက်လိုက်အင်အားကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
စာအုပ်ပြုစုသည့် Myanmar Development Research၏ ပြောရေးဆိုခွင့်ရှိသူများကတော့ နိုင်ငံ ရေးပါတီများဘက်ကပေးသည့်အ ချက်အလက်ကို ကိုးကားပြီးပါတီ ၏နောက်လိုက်အင်အားကိုထည့် သွင်းဖော်ပြခြင်းဖြစ်သည်ဟုဆို သည်။
‘‘သိပ်စည်းရုံးရေးလုပ်လိုက်ရတာမဟုတ်ဘဲနဲ့ ခံစားချက်အပြည့်နဲ့ ၀င်လာကြတဲ့လူတွေဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန်ကြီးထွား လာတာပေါ့’’ဟု ဦးကျော်စွာစိုးက ပြောသည်။
အညာသားမျက်နှာပေါက်မျိုးနှင့် စကားပြောလျှင်အားရပါးရ ပြောတတ်သည့် ဦးကျော်စွာစိုးသည် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဆင်းသက်လာသူတစ်ယောက် ဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင်ထင် ရှားသည့်အဖွဲ့အစည်းအားလုံးနှင့် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက် ပတ်သက်မှုများရှိခဲ့သည်။
သူ၏ ဖခင်ဖြစ်သူဦးလှစိုးသည် လွတ်လပ်ရေးခေတ်နှောင်းပိုင်းမှစတင်ပြီး ၁၉၉၀ရွေးကောက် ပွဲအလွန်ကာလများဖြစ်သောအ မျိုးသားညီလာခံပြီးသည့်အချိန်အထိ မြန်မာ့နိုင်ငံရေးလောကတွင် အဓိကကျသည့်အဖွဲ့အစည်းများ နှင့် ပတ်သက်ခဲ့သူဖြစ်သည်။
ဦးလှစိုးသည် ၁၉၅၃တွင် မြန်မာ့တပ်မတော်သို့ ၀င်ရောက်ခဲ့ပြီး ဗိုလ်မှူးအဆင့်အထိ (၉)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ဦးနေ၀င်း  အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့သည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)တွင်အရပ်ဘက်သို့ပြောင်းလဲခဲ့ပြီး ရာထူးနေရာမျိုးစုံ လုပ်ကိုင်ခဲ့ သည်။
ဦးလှစိုးသည်မဆလပါတီတွင် အမြင့်ဆုံးရာထူးအဖြစ် က ယားပြည်နယ်ဒေသပါတီဥက္ကဋ္ဌအ ဖြစ်တာဝန်ပေးခံခဲ့ရသည်။ ၁၉၇၈ တွင်ဦးနေ၀င်းကတိုင်းနှင့်ပြည်နယ် ၁၄ခုလုံးမှ ဒေသပါတီဥက္ကဋ္ဌ အားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ သည့် နာမည်ကျော်‘‘အောင်ကျော် လင်း’’ စစ်ဆင်ရေး၌ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
တပ်မတော်နှင့်မဆလအရာ ရှိဟောင်းဦးလှစိုးသည် အကျဉ်းကျ ခံနေရာမှ လွတ်မြောက်ခဲ့ပြီး နောက် ၁၉၉၀ရွေးကောက်ပွဲတွင် NLD၏ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးအဖြစ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ပြန်ရောက်ခဲ့သည်။
၁၉၉၀ရွေးကောက်ပွဲအပြီး NLD၏ အမျိုးသားညီလာခံတက်ရေး၊ မတက်ရေးသဘောထားကွဲလွဲမှုတွင်လည်း ဦးလှစိုးတစ် ယောက်အဓိကကျသည့်နေရာမှ ပါဝင်လာပြန်သည်။ အစိုးရ၏ ဆုံးဖြတ်ချက်များကို သပိတ်မှောက်ပြီး အမျိုးသားညီလာခံမှထွက်ရန် NLD၏ ဆုံးဖြတ်ချက်ကို ဦးလှစိုးကသဘောမတူသောကြောင့် NLDနှင့် တစ်ဖန်လမ်းခွဲခဲ့ပြန်သည်။
အတိုက်အခံများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်များ ဆုံးဖြတ်ခဲ့သည်ဟု ဝေဖန်ခံရသည့်အမျိုးသားညီလာခံကို ဦးလှစိုးတစ်ယောက် NLDမှ ထွက်ပြီး တစ်သီးပုဂ္ဂလအနေဖြင့်တက်ရောက်ခဲ့သောကြောင့် ဝေဖန်ခံခဲ့ရပြန်သည်။ ဦးကျော်စွာစိုးကတော့ သူ၏ဖခင်သည် NLD အမျိုးသားညီလာခံက ထွက်ပါက ခြံဝင်းအပြင်က အော်ပြောနေရသကဲ့သို့ နိုင်ငံရေးနှင့် အလှမ်းဝေးသွားမည်ကို စိုးရိမ်ခဲ့သောကြောင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများအပေါ် ကာကွယ်ပြောကြားသည်။
ဦးကျော်စွာစိုးသည် တပ်မတော်အရာရှိများ၊ တပ်မတော်အ ရာရှိဟောင်း ပြည်ခိုင်ဖြိုးထိပ်တန်း ခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။ ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဦးအောင်သိန်းလင်း၊ ဦးလှ ဆွေ၊ ဦးဌေးဦးစသည့် ပုဂ္ဂိုလ်များ နှင့် ယခင်ကတည်းက ခင်မင်သူ ဖြစ်ကြောင်း ဦးကျော်စွာစိုးကပြောသည်။ လူချင်းရင်းနှီးမှုရှိသော် လည်း ပြည်ခိုင်ဖြိုးနှင့် သူ့အကြား နိုင်ငံရေးအရပတ်သက်ဆက်နွှယ်မှုရှိသည်ဟုဆိုသည့် စွပ်စွဲချက် များကိုတော့ ငြင်းဆန်ခဲ့သည်။
‘‘ကြံ့ခိုင်ရေးကို ကျွန်တော်လည်း မုန်းတယ်။ တစ်တိုင်းပြည်လုံးမုန်းနေတာ ဘယ်လိုလုပ်(ပြည်ခိုင်ဖြိုးကနေ ရွေးကောက်ပွဲ) ၀င်ရ မှာလဲ။ မဟုတ်ကဟုတ်က။ ကြံ့ခိုင်ရေးယူနီဖောင်းတောင်မ၀တ်ရဲဘူး’’ဟု ဦးကျော်စွာစိုးက ပြော သည်။
သူက ဂျပန်၏ လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ပုဂ္ဂိုလ်ရေးအရ လွန်စွာရင်းနှီးသူဖြစ်သည်ဟု​ ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောသည်။ မစ္စတာအာဘေးအမတ် ပေါက်စဘ၀ကတည်းက သူနှင့်အလွန်ရင်းနှီးသည်ဟုဆိုသည်။ သူသည် ၁၉၈၉မှ ၁၉၉၆ အထိ ဂျပန်တွင် အခြေချခဲ့ပြီး မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်ဟု ပြောသည်။ သို့သော်လည်းဂျပန်ရောက် မြန်မာအတိုက်အခံများက ဦးကျော်စွာစိုးကို ကောင်းစွာမသိဟု ဆိုကြသည်။
‘‘ကျွန်တော်က ဂျပန်ကို ၁၉၈၉ မှာ ရောက်ပါတယ်။ အဲဒီ အချိန်ကစပြီး ဒီကနိုင်ငံရေးအခင်း အကျင်းမှာ ကျွန်တော်တောက် လျှောက်ပါလာတာပေါ့လေ။ လှုပ် ရှားမှုထဲမှာ ပါတဲ့သူတွေတစ် ယောက်နဲ့ တစ်ယောက်သိကြပါ တယ်။ အမှန်အတိုင်းပြောရရင် အဲဒီတစ်ယောက် (ဦးကျော်စွာစိုး) ကတော့ ကျွန်တော်တို့သိတဲ့အထဲ မှာ မပါဘူးဗျ’’ဟု ဂျပန်ရှိ မြန်မာ နိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားသူ များအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။
သူနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့အကြား ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းကို မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ အာဏာရလာပါက ဂျပန်၏ အကူအညီအမြောက်အမြားရမည်ဟု လည်းဆိုသည်။
‘‘USDP (ပြည်ခိုင်ဖြိုး)နောက် မှာ တရုတ်က မတ်တတ်ရပ်တယ်။ NLD ရဲ့ နောက်မှာ အမေရိကန် မတ်တတ်ရပ်တယ်။ ဒီလယ်သမား ပါတီရဲ့နောက်မှာ ဂျပန်မတ်တတ်ရပ်ပါလိမ့်မယ်။ ဂျပန်ကလယ်သမားအစိုးရပေါ်လာဖို့ အာသီသ ပြင်းနေတယ်’’ဟု ဦးကျော်စွာစိုးက ပြောသည်။
ဂျပန်ရောက်မြန်မာအတိုက်အခံများကတော့ ဂျပန်အစိုးရ၏ မူဝါဒများအပေါ် ဦးကျော်စွာစိုး၏ ထုတ်ဖော်ပြောကြားမှုများသည် လက်တွေ့နှင့်ကိုက်ညီမှုမရှိသည့် အခြေအနေဖြစ်ပြီး စိတ်ကူးထဲက စကားလုံးများသာဖြစ်ကြောင်း ပြောကြားသည်။
ဦးကျော်စွာစိုးသည် သူ့ဘ၀ ၏ ပထမဆုံးအကြိမ်ရွေးကောက်ပွဲ ကို သူ၏ ဖခင်ကဲ့သို့ပင် ဧရာဝတီ မြစ် အနောက်ဘက်ကမ်း စလင်းမြို့တွင် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းဖြင့် စတင်ခဲ့သည်။ စလင်းမြို့သည် သူ၏မွေးရပ်မြေဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်မြို့တော် မကွေး၏တစ်ဖက်ကမ်းမင်းဘူးခရိုင်ထဲတွင် ပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ကိုယ်စားလှယ်လောင်း ထက် မဲအသာရခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကိုယ်စားလှယ်ဦးခင် မောင်လွင်ကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ ခြင်းဖြစ်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါ ပါတီမှပင် ဦးကျော်စွာစိုးသည် ထပ်မံဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြန်သည်။ သူ၏ မွေးရပ်ဖြစ်သည့် စလင်းမြို့မှ ၁၉ မိုင်ခန့်အကွာတွင်ရှိသည့် ပွင့်ဖြူမြို့မဲဆန္ဒနယ်၌ဖြစ်သည်။
ထိုတစ်ခေါက်တွင်တော့ သူ၏ ပြိုင်ဘက်များက NLD မှဒေါက် တာ အောင်မိုးညို၊ ပြည်ခိုင်ဖြိုးမှ ဦးတင့်လွင်နှင့် နာမည်တူနောက် တစ်ဦးဖြစ်သူ တ.စ.ညမှ ဦးတင့် လွင်တို့ဖြစ်သည်။
ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် ဆရာဝန်တစ်ဦးလည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအ မတ်တစ်ဦးလည်းဖြစ်သည့် NLD မှ ဒေါက်တာအောင်မိုးညိုက အ နိုင်ရခဲ့သည်။ ဒေါက်တာအောင်မိုး ညိုသည် ဦးကျော်စွာစိုးထက် မဲအ ရေအတွက် ၃၅ ဆခန့်အပြတ်အသတ်အသာရခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့အခြေစိုက် အမျိုး သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ ချုပ်သည် NLD မှ နုတ်ထွက်သွား သည့် ဧရာဝတီနှင့် မိတ္တီလာမှ လူ ငယ်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းက ပါတီအတွင်း ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ သည်။ ထိုပါတီက ရွေးကောက်ပွဲ နှစ်တွင် ပြိုင်သည့်နေရာတိုင်း ရှုံး နိမ့်ခဲ့သည်။
ထို့နောက်တွင်တော့ဦးကျော်စွာစိုးတစ်ယောက် သူနှင့်ကံမစပ်ခဲ့သည့်အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ကို စွန့်ခွာပြီး ပါတီသစ်ထောင်ခဲ့သည်။ ပါတီအမည်ကိုတော့ တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ဖြစ်သည့် တောင်သူလယ်သမားနှင့်ပတ်သက်သည့် အမည်ကိုရွေးချယ်ခဲ့သည်။
ဦးကျော်စွာစိုးက သူခေါင်း ဆောင်သည့် တောင်သူလယ်သ မားပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်နေရာ ၅၀၀ အထိဝင်ပြိုင်မည်ဟုဆိုသည်။ ရွေးကောက်ပွဲ တိုင်းရင်းသားလူ မျိုးစုများကို အခြေခံပြီးဖွဲ့စည်း ထားသည့် ပြည်နယ်များတွင် ၀င် ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ တိုင်းခုနစ်တိုင်းကို အာရုံစိုက်မည် ဟုဆိုသည်။
‘‘အခုလာမယ့်ရွေးကောက်ပွဲ ကို သိပ်မကြောက်လှဘူး’’ဟု ဦး ကျော်စွာစိုးကပြောသည်။
အစဉ်အလာနှင့် လူထုအ ကြားရေပန်းစာမှုနည်းပါးနေသည့် ပါတီသစ်တစ်ခုက အမတ်နေရာ ၅၀၀ ၀င်ပြိုင်မည်ဆိုသည့် ကြေ ညာချက်အပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို အံ့ အားသင့်စေခဲ့သည်။
‘‘လက်ရှိအချိန်ထိတော့ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးတို့က အများသိတဲ့ပါတီတွေပေါ့။တစည တို့ NDF တို့ကတော့ ဒုတိယပေါ့။ ပါတီအသစ်တွေနဲ့ ပတ်သက်ပြီး တော့အလှမ်းဝေးနေဆဲပဲ’’ဟု မန္တ လေးအခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ EON-M မှ ဦးညီညီကျော်က ပြောသည်။
ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ တစည၊ လက်နက်ကိုင်များကျောထောက်နောက်ခံပေးထားသည့် နိုင်ငံရေးပါတီများနှင့် ပြည်နယ် များကို ဦးတည်ဖွဲ့စည်းထားသည့် တိုင်းရင်းသားပါတီများမှလွဲပြီး ပြည်မရှိနိုင်ငံရေးပါတီအများစု သည် ရပ်တည်ရန်ခက်ခဲစွာရုန်း ကန်နေကြရသည်။
အမတ်နေရာ ၅၀၀ ဆိုသည့် အရေအတွက်သည် တိုင်းပြည် တွင် အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေးအင်အားအတောင့် တင်းဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးက ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့်အရေအ တွက် ထက်ဝက်ခန့်ဖြစ်သည်။
လူသိနည်းသည့်နိုင်ငံရေးပါ တီအများစုသည် ရုံးခန်းငှားခကို ပင် အနိုင်နိုင်ရှာဖွေနေရသည်။ ရွေးကောက်ပွဲကိုလည်း ပါတီဖျက် သိမ်းခံရမည်ကိုစိုးရိမ်သော ကြောင့် မပြိုင်မနေရသုံးနေရာသာ ၀င်ပြိုင်လေ့ရှိချိန်တွင် တောင်သူ လယ်သမားပါတီသည် အင်အား တောင့်တင်းအောင် တည်ဆောက် နိုင်ခဲ့သည်။
အမတ်လောင်း ၅၀၀ ရွေး ကောက်ပွဲဝင်မည်ဆိုပါက ရွေး ကောက်ပွဲအတွက် အခြားစရိတ် စကများမပါဝင်ဘဲ ရွေးကောက်ပွဲကော်မရှင်ထံသို့တင်သွင်းရ သည့်စရိတ်ပင် တစ်ဦးလျှင် ကျပ် သုံးသိန်းနှုန်းဖြင့်သိန်း ၁,၅၀၀ ကုန် ကျမည်ဖြစ်သည်။ ရွေးကောက်ပွဲ အတွက် သူ၏နောက်တွင်ငွေကြေး ထောက်ပံ့သူမရှိဘဲ မိသားစုငွေ ကြေးဖြင့်သာ နိုင်ငံရေးလုပ်သည်ဟု ဦးကျော်စွာစိုးကဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့်ရ သည့် ဘဏ်လုပ်ငန်း၌လည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် ဦး ကျော်စွာစိုးက စီစဉ်လျက်ရှိသည်။ တောင်သူလယ်သမားဘဏ်တစ် ခု တည်ထောင်ရန် အစိုးရထံခွင့် ပြုချက်လျှောက်ထားကြောင်း ဦး ကျော်စွာစိုးကပြောသည်။ အဆို ပါ ဘဏ်လည်ပတ်ပါက တောင် သူလယ်သမားလူတန်းစားကိုအဓိ ကထားငွေချေးမည်ဟုဆိုသည်။
နိုင်ငံတကာသတင်းဌာနများက ဦးကျော်စွာစိုးကို Farmers Wealth Public Bank Limited  ဥက္ကဋ္ဌတစ်ယောက်အဖြစ် ရေးသားကြသည်။ သို့သော်လည်း ဘဏ်မှာယနေ့အချိန်အထိ လည်ပတ်နိုင်ခြင်းမရှိသေးပါ။ ဗဟိုဘဏ်ကထုတ်ပြန်သည့် မြန်မာနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့်ပြု ထားသည့် ဘဏ်စာရင်း၌ ဦးကျော်စွာစိုး၏ တောင်သူလယ်သမားဘဏ်မပါဝင်သေးပေ။
‘‘ရွေးကောက်ပွဲမတိုင်မီမှာ ကျွန်တော့်လယ်သမားတွေကို (ငွေ)ချေးပေးလိုက်မယ်ဆိုရင် လယ်သမားတွေလည်း ၀မ်းသာမယ်။ အားပေးမှုလည်း အပြည့်အ၀ရမယ်’’ဟု ၎င်းကပြောသည်။
သူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဇာတိဖြစ်သည့် စလင်းမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟုဆိုသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးနှင့်အင်န်အယ်လ်ဒီက သူ၏အဓိကပြိုင်ဘက်ဖြစ်လာမည်ဟုလည်း ဦးကျော်စွာစိုး ကပြောသည်။
၁၉၉၀နှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မကွေးတိုင်း၌ ရာနှုန်းပြည့်အနိုင်ရရှိခဲ့သည့်အင်န် အယ်လ်ဒီပါတီ၏ မကွေးတိုင်းအတွင်းရေးမှူးကတော့ ဦးကျော်စွာစိုး သည် သူ၏ပြိုင်ဘက်မဟုတ်ဟုဆို သည်။ ဒီတစ်ကြိမ်ရွေးကောက်ပွဲ တွင်လည်း အင်န်အယ်လ်ဒီသာ အနိုင်ရမည်ဟုယုံကြည်ပြီး မကွေးတိုင်းရှိ အနည်းငယ်သောမဲဆန္ဒ နယ်တွင် ပြည်ခိုင်ဖြိုးနှင့်ပြိုင် ကောင်းပြိုင်ရနိုင်ကြောင်း အင်န် အယ်လ်ဒီ မကွေးတိုင်းအတွင်းရေး မှူး ဦးနေမျိုးကျော်ကပြောသည်။
‘‘တောင်သူလယ်သမားပါတီက ကျွန်တော်တို့ပြိုင်ဘက်တဲ့လား။ မဖြစ်နိုင်ဘူး။ မြန်မာ့နိုင်ငံရေးက လယ်ပြင်မှာဆင်သွားသလို ရှင်းနေတာပဲဟာကို’’ဟု ဦးနေမျိုး ကျော်ကပြောသည်။
မတူကွဲပြားသည့်အမြင်အမျိုးမျိုးရှိနေသော်လည်း ဦးကျော်စွာစိုးဦးဆောင်သည့်တောင်သူလယ်သမားပါတီ၏ အမာခံပုဂ္ဂိုလ် များကတော့ ရွေးကောက်ပွဲတွင် သူတို့အနိုင်ရမည်ဟု လယ်သမားများအကြား တက်တက်ကြွကြွ ပြောကြားနေဆဲဖြစ်သည်။ ချေးငွေများအကြောင်း နိုင်ငံတကာ ထောက်ခံမှုများ၊ လေးဖြူ၊ အငဲတို့ ၏ အိုင်စီရှိုးပွဲများအကြောင်းကလည်း မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားလယ်သမားများအကြားတွင် လူပြောများနေသည့်အကြောင်းတစ်ခုဖြစ်နေဆဲဖြစ်သည်။
ရည်မှန်းချက်ကြီးပြီးအချိန် တိုအတွင်း လူအင်အားတောင့်တင်းအောင်စည်းရုံးနိုင်ခဲ့သည့် ဦးကျော်စွာစိုး၏ တောင်သူလယ် သမားပါတီကို စာရွက်ပေါ်က လူ စာရင်းအတိုင်းထောက်ခံမှုရှိ၊မရှိ ဆိုသည်ကတော့ မကြာမီလပိုင်းအတွင်း အဖြေပေါ်တော့မည်ဖြစ်သည်။
ဦးကျော်စွာစိုးက ‘‘အင်န်အယ်လ်ဒီနိုင်ခဲ့တယ်ဆိုတာ လယ်သမားတွေပေးခဲ့လို့နိုင်ခဲ့တာ။ ဒီ တစ်ခေါက်ကတော့ လယ်သမားက သူ့ပါတီသူပေးတော့မှာ။ သူ့ဟာနဲ့သူလုပ်တော့မှာဆိုတော့ အင်န်အယ်လ်ဒီဟာ အရင်တုန်းကလို ပိုးစိုးပက်စက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောချင်ပါတယ်’’
ပါတီနှင့်ပတ်သက်သည့် အသုံးစရိတ်များကို သူ၏ဇနီးနှင့် ၎င်းတို့၏မိသားစုကိုယ်ပိုင်ဝင်ငွေနှင့် အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ‘‘ကျွန်တော့်မိန်းမဘက်က ချမ်းသာတယ်။ ကျွန်တော့်မိန်းမရတဲ့အမွေ နဲ့ ကျွန်တော်ရတဲ့အမွေပေါင်းပြီး ပါတီအတွက်အသုံးပြုနေတာ’’ဟု ၎င်းကဆိုသည်။
http://www.7daydaily.com/story/41826

No comments:

Post a Comment