CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 2, 2015
အနည်းဆုံးလုပ်ခကို တစ်နေ့ ၃၆၀၀ကျပ်လို့အတည်ပြုရင် နိုင်ငံခြားသားအထည်ချုပ်စက်ရုံ ၉၀ ကျော်ကပိတ်ပစ်မယ်လို့ပြော
ရန်ကုန်၊ဇူလိုင် ၂
လက်ရှိအဆိုပြုထားတဲ့ အနည်းဆုံးလုပ်ခ ၃၆၀၀ကျပ် ကိုအတည်ပြုလိုက်မယ်ဆိုရင် နိုင်ငံခြားသားအထည်ချုပ်စက်ရုံပိုင်ရှင်၉၀ကျော်လောက် က သူတို့ရဲ့စက်ရုံတွေကိုစက်တင်ဘာလထဲမှာပိတ်ပစ်လိုက်တော့မယ်လို့ ဒီကနေ့ရန်ကုန်မှာပြုလုပ်တဲ့အထည်ချုပ်လုပ်ငန်းပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်ကြပါတယ်။
အခုလိုပိတ်ပစ်လိုက်တော့မယ်ဆိုတဲ့ စက်ရုံတွေထဲမှာ တရုတ်လူမျိုးပိုင်စက်ရုံ ၃၀ လောက်နဲ့ ကိုရီးယားလူမျိုးပိုင်စက်ရုံ ၆၀လောက် ပါဝင်နေပါတယ်။
ဒီစက်ရုံတွေထဲမှာအလုပ်လုပ်နေတဲ့ လုပ်သားဦးရေစုစုပေါင်းက နှစ်သိန်းကျော်လောက်ရှိနေပါတယ်။စက်ရုံပိတ်လိုက်ရင် လုပ်သား နှစ်သိန်းကျော်ဟာ အလုပ်လက်မဲ့ဖြစ်သွားမယ်လို့လည်း အထည်ချုပ်စက်ရုံပိုင် ကိုရီးယားလူမျိုး မစ္စတာ ဆားစ် က အခုပွဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။
သူတို့ပေးချင်တာက တစ်နေ့ကို ၂၅၀၀ကျပ်လောက်ပဲလို့ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံမှာအထည်ချုပ်စက်ရုံစုစုပေါင်း၃၀၀ကျော်ရှိတဲ့ထဲမှာ လက်ရှိ အဆိုပြုထားတဲ့အနည်းဆုံးအခကြေးငွေ ၃၆၀၀ကျပ်ကိုကန့်ကွက်နေတဲ့စက်ရုံပေါင်းက၁၄၅ရုံလောက်ရှိနေပါတယ်။
ရဲလွင်
Popular Myanmar News
အနည်းဆုံးလုပ်ခကို တစ်နေ့ ၃၆၀၀ကျပ်လို့အတည်ပြုရင် နိုင်ငံခြားသားအထည်ချုပ်စက်ရုံ ၉၀ ကျော်ကပိတ်ပစ်မယ်လို့ပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment