လက်တစ်ဦးချင်းစီမှာရှိတဲ့ လက်ညှိုးနဲ့ လက်သူကြွယ်အတိုအရှည်ကိုကြည့်ပြီး ချစ်သူရည်စားအပေါ်ထားတဲ့ စိတ်နေစိတ်ထားကို သိနိုင်ကြောင်းလေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ ဒါကြောင့်သင်နဲ့တွဲဖို့ ရည်စူးထားတဲ့သူဟာ ကပ်စေးနည်းတဲ့သူဟုတ်မဟုတ် ဆိုတာကို သူ့ရဲ့အလုပ်အကိုင်၊ ငွေရေးကြေးရေးကို မေးမြန်းစရာမလိုပဲ လက်ချောင်းအတိုအရှည်ကိုကြည့်ရုံနဲ့ သိနိုင်ပြီဖြစ်ပါတယ်။
လက်ညှိုးရဲ့အရှည်ဟာ လက်သူကြွယ်ထက်တိုနေမယ်ဆိုရင် အဲဒီအမျိုးသားဟာ သူနဲ့ချိန်းတွေ့တဲ့ အမျိုးသမီးအတွက် ညစာကောင်းကောင်း ပိုက်ဆံအကုန်အကျခံပြီးကျွေးတက်တဲ့သူမျိုးဖြစ်ပါတယ်။ ချောကလက်၊ ပန်းစည်းစတာတွေကို ချစ်သူအတွက်ဝယ်ပေးဖို့ မတွန့်တိုတက်တဲ့သူမျိုးဖြစ်သလို ဆွဲဆောင်မှုရှိစေဖို့ အားကစားလေ့ကျင့်ခန်းလည်း မကြာခဏလုပ်လေ့ရှိသူဖြစ်တက်ပါတယ်။ များသောအားဖြင့် လက်ညှိုးက လက်သူကြွယ်ထက်ပိုတိုနေတဲ့ အမျိုးသားတွေဟာ ကြံ့ခိုင်သန်စွမ်းသူတွေဖြစ်နေတက်သလို ဒေါသကြီးသူတွေလည်း ဖြစ်နေတက်ပါတယ်။ အမျိုးသမီးတွေမှာတော့ လက်ညှိုးကလက်သူကြွယ်ထက်ပိုရှည် သူတွေဟာ ဆန့်ကျင့်ဘက်အမျိုးသားချစ်သူတွေအပေါ် ဂရုစိုက်တက်သူတွေ ဖြစ်တက်ပါတယ်။
အဲလိုလက်ညှိုးရှည်တဲ့အမျိုးသမီးတွေကို မိန်းမဆန်သောလက်ပိုင်ရှင်များလို့ခေါ်ပါတယ်။ သူတို့ဟာ အချစ်ရေးမှာ အများအားဖြင့် စိတ်ကောင်းရှိသူတွေဖြစ်ပြီး ချိန်းတွေ့ဖို့သွားတဲ့အခါမှာ မိတ်ကပ်၊ လည်ဆွဲ၊ ရတနာတွေဝတ်ဆင်ပြီး လှလှပပသွားလေ့ရှိပါတယ်။ အမျိုးသားတွေကိုလည်း လက်ဆောင်ပစ္စည်းတွေ မကြာခဏဝယ်ပေးလေ့ရှိကြပါတယ်။ ဒါကြောင့် သင်လည်းသင့်ချစ်သူရဲ့ လက်ညှိုးအတိုအရှည်ကို မကြည့်ရသေးရင် ကြည့်လိုက်ပါဦး။
PlanetMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
လက်ညှိုးအတိုအရှည်ကိုကြည့်ပြီး လက်တွဲဖော်ရဲ့အကျင့်ကိုသိနိုင်
လက်ညှိုးအတိုအရှည်ကိုကြည့်ပြီး လက်တွဲဖော်ရဲ့အကျင့်ကိုသိနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment