Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

အရက်မူးသွားတဲ့အခါ မစားသင့်တော့တဲ့ အစားအစာများ



သင် ဟာ အပေါင်းအသင်းတွေနဲ့ သောက်စားပြီးတဲ့အခါ တစ်ခုခုထပ်စားချင်စိတ် ဖြစ်တတ်သူဆိုရင်၊ ဒါမှမဟုတ် သောက်ပြီး အိမ်ပြန်ရောက်တဲ့အခါ ဘာရှိမလဲ ရှာကြံစားတတ်သူဆိုရင် သောက်ထားတဲ့အရှိန်နဲ့ ရင်ပြည့်ရင်ကယ်၊ အော့အန်တဲ့အထိ မဖြစ်ရအောင် ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

(၁) ပီဇာ

သောက်စားပြီး ဇိမ်ခံတာဟာ ကြောက်စရာအကောင်းဆုံး အန္တရာယ်တစ်ခုပါ။ အရက်သေစာဟာ အစာနဲ့ အစာခြေဂလင်းရည်တွေကို လျော့ကျစေတဲ့ ခန္ဓာကိုယ်ကြွက်သားတွေကို ချောင်ချိသွားစေပြီး အက်စစ်ဓာတ်ပါဝင်တဲ့ ခရမ်းချဉ်သီးက အသည်းကျွမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။ ညအိပ်ချိန် အိပ်ရာမဝင်ခင်လေးတင် စားလိုက်တဲ့အခါ အတော်ဆိုးဆိုးဝါးဝါးဖြစ်စေပါတယ်။

(၂) ချောကလက်

ချောကလက်မှာပါတဲ့ ကဖင်းဓာတ်၊ အဆီဓာတ်နဲ့ ကိုကိုးတွေက အခြားသောအစာအက်စစ်တွေမှာ စတင်ဖြစ်ပေါ်လာတဲ့ အာနိသင်ကို ပိုမိုဆိုးရွားလာစေပြီး နေထိုင်မကောင်းဖြစ်စေပါတယ်။

(၃) ဆီကြော်မုန့်

ကြော်လှော်ထားတဲ့ အစားအစာတွေမှာ အငန်ဓာတ်တွေပါဝင်တာကြောင့် ရေဓာတ်ခန်းခြောက်မှု ပိုပြီးဖြစ်ပေါ်စေပါတယ်။

(၄) အရက်အာနိသင်ပါဝင်တဲ့ အချိုပွဲများ

အသောက်အစားတွေ ပါဝင်နေပြီးသား စားသောက်ပွဲကို အရက်သေစာအချိုပွဲလေးနဲ့ အဆုံးသတ်လိုက်ဖို့ အကြံဥာဏ်ကောင်းတစ်ခုလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမဲ့ သင့်စားထားသောက်ထားတဲ့ အစားအစာတွေထဲမှာ အရက်အာနိသင် ဘယ်လောက်ပါဝင်ပြီးပြီဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ထပ်ပြီး မမူးချင်တော့ဘူးဆိုရင် အယ်လ်ကိုဟောဓာတ်ပါ အချိုပွဲတွေကို ရှောင်လိုက်တာကောင်းဆုံးပါ။

(၅) လိမ္မ်ာသီး

လိမ္မ်ာသီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့ တခြား အချဉ်ဓာတ်ပါတဲ့ အသီးတွေက အစာချေမှုကို လှုံ့ဆော်ပေးပါတယ်။ ရေချိန်ကောင်းနေတဲ့အချိန် အသီးစားနိုင်သေးတဲ့ အဆင့်မှာရှိနေသေးတယ်ဆိုရင် ဌက်ပျောသီးသာစားပါ။ ဌက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက် အရက်ကြောင့်ဖြစ်ပေါ်တဲ့ ရေဓာတ်ခန်းခြောက်မှု ရလဒ်အကျိုးဆက်တချို့ကို ပြန်ဖြေပေးနိုင်တယ်။

(၆) သကြားလုံး

အငန်ဓာတ်ပါတဲ့ အစားအစာ၊ အချိုဓာတ် အလွန်များပြားတဲ့ အစားအစာစတာတွေဟာ အရက်ကို ထပ်သောက်ချင်စိတ်ဖြစ်စေပါတယ်။ ရေထက် အရက်သောက်ကို လက်လမ်းဖို့ ပိုမိုလွယ်ကူတတ်ပါတယ်။ ဒါ့အပြင် သကြားလုံးတွေမှာ ကယ်လိုရီ လုံးဝ ပါဝင်မှုမရှိဘူး။

(၇) စပ်တဲ့အစားအစာများ

အရက်မသောက်ပဲ လန်းလန်းဆန်းဆန်း တည်တည်ကြည်ကြည်ဖြစ်နေတဲ့အချိန်မှာ အစာအိမ်ကို နေလို့ထိုင်လို့ မကောင်းဖြစ်စေတဲ့ အစပ်ပါတဲ့အစားအစာတွေက မူးနေတဲ့အချိန်တွေမှာ ခေါင်းကို တကယ်ရှုပ်ထွေးသွားစေပါတယ်။ မူးတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဒါဟာ အခြေအနေပိုဆိုးသွားစေမလားဆိုတာကိုပေါ့။

ပေါ်ထွန်း - Trend Myanmar

No comments:

Post a Comment