Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ရွှေသံလွင်ကုမ္ပဏီ ဂြိုဟ်တုဆက်သွယ်ရေး လုပ်ငန်းတည်ထောင်ခွင့်ရ

ရွှေသံလွင် မီဒီယာကုမ္ပဏီကို ရန်ကုန်မြို့မှာရှိတဲ့ မြေကွက်တခုပေါ်မှာ ဂြိုဟ်တု အခြေစိုက် ဆက်သွယ်ရေးလုပ်ငန်း တည်ထောင်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေကနေ သတင်းထုတ် ပြန်ပါတယ်။
ဇူလိုင်ပထမပတ်မှာ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ထပ်မံရရှိတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီ ၉ ခု စာရင်းကို ထုတ်ပြန်ရာမှာ ရွှေသံလွင် ကုမ္ပဏီကိုလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။
ကျန်တဲ့ပြည်တွင်းပြည်ပကုမ္ပဏီတွေကို အသစ်လုပ်ပိုင်ခွင့် ချပေးလိုက်တဲ့ လုပ်ငန်းတွေထဲမှာ ငပလီကမ်းခြေမှာ ဟိုတယ်တည်ဆောက်ခွင့်၊ ရန်ကုန်နဲ့ ပဲခူးမှာ အထည်ချုပ်၊ သစ်အချောကိုင် လုပ်ငန်း၊ တန်ဖိုးမြှင့်လယ်ယာထွက်ပစ္စည်း၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရေးနဲ့ မီးခံအုတ်လုပ်ငန်းတွေ လုပ်ခွင့် အပြင် တယ်လီကွန်းဆက်သွယ်ရေးနဲ့ လမ်းတံတား လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
DVB

No comments:

Post a Comment