Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

အမေရိကန် က ဂျပန် ကို စက်ရုပ်ချင်းထိုးဖို့ စိန်ခေါ်





စက်ရုပ်ကြီး ၂ ရုပ် ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်မျိုးဆိုတာဟာ နည်းပညာနယ်ပယ်က လူတွေ အားလုံးစောင့်မျှော်နေကြတဲ့ အရာပါ။ ဒီတစ်ကြိမ်မှာတော့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းသွားစေတာက စက်ရုပ်တစ်ရုပ်ကို ဂျပန်နိုင်ငံက ပိုင်ပြီး ယှဉ်ပြိုင်ထိုးသတ်မယ့် ကျန် စက်ရုပ် ကိုတော့ အမေရိကန် ပြည်ထောင်စုကပိုင်နေပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန် အင်ဂျင်နီယာ ကုမ္မဏီတစ်ခုဖြစ်တဲ့ Megabots က ဂျပန်နိုင်ငံရဲ့ Suidobashi Heavy Industry ကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ပါတယ်။

ဒီ ယှဉ်ပြိုင်ထိုးသတ်ပွဲကတော့ အလေးချိန် ပေါင် ၁၂၀၀၀ လေးတဲ့ MegaBots Mark II နဲ့ Suidobashi ရဲ့ အလေးချိန် ပေါင် ၉၀၀၀ သာ ရှိတဲ့ Kuratas နဲ့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

အခုတော့ ဂျပန် Suidobashi ဘက်ကလည်း စိန်ခေါ်မှု ကို လက်ခံလိုက်ပါပြီ။ Suidobashi ကုမ္မဏီရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Kogor Kurata က YouTube ကနေ တစ်ဆင့် စိန်ခေါ်မှုအတွက် ပြန်လည်တုံ့ပြန်ခဲ့ပြီး ယှဉ်ပြိုင်ထိုးသတ်မှုကတော့ လက်နက်မဲ့ ထိုးသတ်မှုပဲ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

"ကြီးမားတဲ့အရာတစ်ခုကိုတည်ဆောက်ထားပြီး သေနတ်တွေကိုပါ ဆင်ထားပါတယ်။ဒါဟာ သိပ်တော်တဲ့ အမေရိကန် တွေပါပဲ" လို့ Kurata က ဆိုပါတယ်။ "ကျွန်ုပ်တို့ အခြားနိုင်ငံတစ်ခုကို အနိုင်ရခွင့်မပေးနိုင်ပါဘူး။ စက်ရုပ်ကြီးတွေဟာ ဂျပန်ရိုးရာပါ။ ဒါပေမယ့် သင်သိတဲ့အတိုင်းပဲ ကျွန်တော်တို့ တစ်ကယ်လိုအပ်နေတာက လက်နက်မပါပဲ တိုက်ခိုက်ဖို့ပါ" လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Kuratas စက်ရုပ်ကတော့ ယန်း ၁၃၅ သန်းခန့်တန်ဖိုးရှိပြီး အမြင့် ၄ မီတာ ရှိပါတယ်။ Megabot Mark II ကတော့ ၅ မီတာ အမြင့်ရှိနေပါတယ်။ ဒါပေမယ့် သူတို့ အလေးချိန်ခြင်းကလည်း ကွာခြားပါတယ်။ Megabot ကိုထိန်းချုပ်ဖို့အတွက်တော့ ပိုင်းလော့ ၂ ယောက်လိုအပ်မှာဖြစ်ပြီး Kuratas အတွက်ကတော့ ပိုင်းလော့ ၁ ယောက်သာ လိုအပ်မှာ ဖြစ်ပြီး ထိုပိုင်းလော့ကတော့ မစ္စတာ Kurata ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Telegraph

No comments:

Post a Comment