Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

နတ်ဆရာက မကောင်းတဲ့ဝိဥာဉ်တွေကို ဖယ်ရှားရမယ်လို့ ပြောပြီး ၁၁ သမီး မိန်းကလေးအား အဓမ္မ ပြုကျင့်ခဲ့




နတ်ဆရာက မကောင်းတဲ့ဝိဥာဉ်တွေကို ဖယ်ရှားရမယ်လို့ ၁၁ သမီးမိန်းကလေးငယ်ရဲ့ အမေကိုပြောဆိုပြီး ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ပါတယ်။

Brogenet Cinor ၊ အသက်၄၈နှစ်ဟာ ကလေးငယ်အား သန့်ရှင်းစင်ကြယ်သွားအောင် ပြုလုပ်ဖို့လိုကြောင်းပြောပြီး မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

CBS Miami ရဲ့အဆိုအရ Cinor ဟာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့အပြင် တစ်ခြားမိန်းကလေးငယ်များကိုလည်း ပြစ်မှုကျူးလွန်ဖို့ ကြိုးစားကြံစည်နေခဲ့တယ်လို့ဆိုပါတယ်။

Sunset, South Florida က ရဲတွေကတော့ ကလေးငယ်ရဲ့အမေဟာ Cinor ရဲ့အိမ်ကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ခေါ်သွားလေ့ရှိပြီး ဒီအမှုကတော့ အခုမှစဖြစ်တာလို့ဆိုပါတယ်။

Cinor က ကလေးကို အိမ်အနောက်ဘက်ဥယာဉ်ထဲကို ခေါ်သွားတဲ့အချိန်မှာ ကလေးငယ်ရဲ့မိခင်ကို အိမ်ထဲမှာနေစေခဲ့တာဖြစ်ပါသတဲ့။ ပြီးတော့ သူ့ကို အ၀တ်အစားတွေချွတ်ခိုင်းပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

Cinor ဟာ  မထနိုင်အောင် မိန်းကလေးငယ်ရဲ့လက်မောင်းတွေကို ဖမ်းချုပ်ထားခဲ့တာဖြစ်ပါသတဲ့။ ရဲတွေရဲ့အဆိုအရ တရားမ၀င် အဓမ္မ ပြုကျင့်ပြီးနောက် ကလေးငယ်ကို ပိုက်ဆံပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြောရေးဆိုခွင့်ရှိသူ Sunrise ရဲအရာရှိ Cindi McCue က နတ်ဆရာတွေနဲ့ ကျိန်စာတွေကို ယုံကြည်တဲ့သူတွေဟာ ပစ်မှတ်တွေဖြစ်လာကြပြီး နတ်ဆရာရဲ့စကားကို နားမထောင်ရင် သေရမယ်ဆိုတဲ့ အယုံအကြည်ရှိသူတွေကို အသုံးချနေခဲ့တာဖြစ်ပါသတဲ့။

ကလေးငယ်ဟာ ဒီလိုဖြစ်ပြီးနောက် ရက်သတ္တပတ်အတော်ကြာမှ မိခင်ဖြစ်သူကို ပြောပြခဲ့ပြီး နတ်ဆရာကို မေးတဲ့အခါမှာတော့ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါသတဲ့။ ကလေးငယ်ရဲ့ မိခင်ကိုလည်း ဒီအကြောင်းတစ်ခြားသူတွေကို ပြောရင် သေရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာ ကလေးငယ်ရဲ့ အစ်မနှစ်ယောက်ဖြစ်သူ အသက် ၂၀ ကျော်နှင့် ၃၀ ကျော် မိန်းကလေးနှစ်ဦးကိုလည်း Cinor က ၀ိဥာဉ်တွေဆေးကြောသန့်စင်ဖို့ဆိုပြီး သွားရောက်ခဲ့ကြရပါသတဲ့။

ညီအစ်မနှစ်ယောက်စလုံးကလည်း Cinor က ၄င်းတို့နဲ့ အကြိမ်ကြိမ် လိင်ဆက်ဆံခဲ့ပြီး နှစ်ဦးစလုံး ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ Cinor က ကိုယ်ဝန်ဖျက်ချဖို့ ငွေထုတ်ပေးကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

သူတို့ရဲ့ပတ်သက်မှုတွေကို တစ်ခြားသူတွေအား ပြောပြရင် သေရလိမ့်မယ်လို့ ခြိမ်းခြောက်ထားခဲ့တာဖြစ်ပါသတဲ့။

Cinor ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဇွန်လ၁၉ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံရမှာဖြစ်ပေမယ့် ညီအစ်မနှစ်ယောက်အတွက်ကိုတော့ ပြစ်ဒဏ်ကျခံရန်မလိုဘူးလို့  စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

No comments:

Post a Comment