Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

လွှတ်တော် အမတ်များအား လိင်ဆွဲဆောင်မှု အပေါ် မူတည်ပြီး အဆင့်ခွဲခြား

ဗြိတိန် လွှတ်တော် အမတ်များအား လိင်ဆွဲဆောင်မှု အပေါ်မူတည်ပြီး အဆင့်ခွဲခြား သတ်မှတ်သည့် ၀က်ဘ်ဆိုက် တစ်ခု ရှိနေပြီး ၄င်းဝက်ဘ်ဆိုက်သည် လွှတ်တော် အမတ်များကြားတွင် ရေပန်းစား လူကြိုက်များ နေကြောင်း သိရသည်။

ဝက်ဘ်ဆိုက်သည် ၀င်ရောက် ကြည့်ရှုသူများအား ၄င်းတို့နှင့် လိင်ဆက်ဆံ လိုသည့် လွှတ်တော် အမတ် တစ်ဦးဦး၏ ဓာတ်ပုံကို ရွေးချယ်ခိုင်းထားပြီး ရလဒ်များကို ဇယားတစ်ခုဖြင့် ကျနစွာ ဖော်ပြ ပေးထားသည်။ အံ့သြစရာ ကောင်းသည်မှာ ဗြိတိန် နိုင်ငံသားများ သာမကဘဲ အောက်လွှတ်တော် အမတ်များ၊ အထက် လွှတ်တော် အမတ်များနှင့် လွှတ်တော် ၀န်ထမ်းများပါ ၄င်းဝက်ဘ်ဆိုက် www.sexymp.co.uk ကို ၀င်ရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။

လွှတ်တော် တည်ရှိရာ ၀က်စ် မင်စတာရှိ ကွန်ပျူတာများမှ ၄င်းဝက်ဘ်ဆိုက်အား ၀င်ရောက် ကြည့်ရှုမှု (၄၈၄၆၈၃) ကြိမ် ရှိခဲ့သည်။ သို့ သော် ၀က်ဘ်ဆိုက်သည် ၀င်ရောက် ကြည့်ရှုမှု အကြိမ် တော်တော်များကို ကြည့်လို့ မရအောင် ကြားခံများဖြင့် ပိတ်ဆို့ ထားခဲ့သည်။

သို့သော် လွှတ်တော် အမတ်များသည် ပိတ်ပို့မှုများကို ကျော်လွန်ပြီး ကြည့်ရှုခွင့် ရရှိခဲ့သည်များလည်း ရှိခဲ့သည်။ ၀က်ဘ်ဆိုက်သို့ ၀င်ရောက် ကြည့်ရှုပြီး အမှတ်ပေးခဲ့မှု အကြိမ် (၅၀၀၀၀)ခန့် ရှိခဲ့သည်။

ဝက်ဘ်ဆိုက်အား Made in Chelsea ကို ပိုင်ဆိုင်သူ ဖရန်စစ်ဘိုလေး၏ ညွှန်ကြားမှုဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့ နံနက်အထိ ၀ီရယ် ၀က်စ်တ် အရပ်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ကွန်ဆာဗေးတစ် ပါတီဝင် အဲစသာ မက်ဗေးသည် လိင်ဆွဲဆောင်မှု ရှိသော အမတ်များ စာရင်းတွင် နံပါတ် (၁၀) ရရှိနေသည်။

လိင်ဆွဲဆောင်မှု အရှိဆုံး လွှတ်တော် အမတ်အဖြစ် သတ်မှတ် ခံထားရသူမှာ မြောက်ရှရော့ပ်ရှိုင်းယားမှ လွှတ်တော် အမတ် အိုဝင်ပတ်တာ ဆင်ဖြစ်သည်။ လူတချို့သည် ယခုဝက်ဘ်ဆိုက်အား စော်ကားမှု တစ်ခုဟု မှတ်ယူ ကြသော်လည်း ၄င်းတို့၏ ရည်ရွယ်ချက်မှာ လွှတ်တော် အမတ်များအား ပြည်သူများက ပိုမိုသိရှိရေးတွင် ပါဝင် ကူညီလိုခြင်းသာ ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် လွှတ်တော် အမတ်များ ပါဝင်သော ကိုယ်ကာယ အလှပြိုင်ပွဲပင် ကျင်းပ ပေးလိုကြောင်း ဘိုလေးက ပြောဆိုခဲ့သည်။
messenger news journal

No comments:

Post a Comment