Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

နံ့သာနီ အသုံးဝင်ပုံများ

·





နံ့သာနီ အသုံးဝင်ပုံများ
Pterocarpus santalinus (Redsandalwood)
Family Fabaceae
မိတ်ဆွေတဦးက နံ့သာနီရဲ့ အသုံးဝင်ပုံအချို့သိခြင်တယ် ဆိုလို့ ရှာဖွေပြီး ဆီလျော်အောင်ရေးပြီး တင်ပေးလိုက်ပါတယ်၊ အမှုံ့အစစ်က အရမ်းတန်ပါတယ်၊ အရေပြားအပေါ်မှာအကျိုးသက်ရောက်ပုံအချို့ကိုသာရေးသားထားပါတယ်၊ အခြား အသုံးဝင်ပုံတွေက အများကြီးပါ၊ နံ့သာနီပင်နဲ့ နံ့သာဖြူပင် ကမတူပါဘူး မျိုးရင်း Family ကလည်းတခြားစီပါ၊ နံ့သာနီမှာ အနီရောင်ရောင်ချယ်များစွာပါပါတယ်၊ သူ့ကို အမွှေးနံ့သာအနေနဲ့သုံးရတာကလည်း ပင်ကိုယ်ရနံ့ fragrance ပါတဲ့အတွက်ကြောင့်ပါ၊ Redsandalwood ကို protection, strength,power and lust အနေနဲ့အသုံးပြုကြတယ်၊ဒါ့အပြင် တရားထိုင်ရာမှာ စိတ်ပိုင်းဆိုင်ရာ power ပိုကောင်းလာနိုင်ရန် သူ့ကိုသုံးကြတယ်၊ ဆေးဝါးဖက်ဆိုင်ရာ အသုံးပြုမှုများမှာလည်သူ့ကိုအများကြီးသုံးကြတယ်။ သူ့ကို ပုံမှာအတိုင်း Cream ဗူးများနဲ့လည်းရောင်းကြတယ်။ အသုံးဝင်ပုံမျာမှာ
Skin benefits of Redsandalwood.
နံ့သာနီ အစစ်မှုံ့အနဲငယ်မျှ အသုံးပြုရုံဖြင့်
ရလာနိုင်သော အကျိုးများက အများကြီးပါ၊ အသားအရေကိုဖြူဝင်းလာစေသလို အရွယ်တင်နုပျိုစေပါတယ်၊ အသက်အရွယ်ရင့်လာလို့ဖြစ်ပေါ်လာသော အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးပါတယ်။
၁။ နံ့သာနီအမှုံ့ကို ခရမ်းချဉ်သီး အနှစ်ရည်ဖြင့်ရောပြီး face pack အနေဖြင့် မျင်နှာကိုကပ်ထားလျှင် ညိုသောအသားအရောင်များကိုဖယ်ရှားပြီး သဘာဝအတိုင် ဖြူသောအသားအရေကိုရလာလိမ့်မည်။ ပုံမှန်အသုံးပြုလျှင် ၀က်ခြံနှင့် မျက်နှာပေါ်က အနက်ရောင် အစက်အပြောက်များဖယ်ရှားနိုင်သည်။
၂၊ နံ့သာနီ အမှုံ့နှင့် နွားနို့ပျားရည်တို့ဖြင
့် ရောပြီး မျက်နှာ လယ်ပင်းများကိုလိမ်းချယ်ပါ၊ ပြီးလျှင်ရေဖြင့် ဆေးကြောခြင်းပုံမှန်လုပ်ပါက ခြောက်သွေ့အသားအရေပိုင်ရှင်များ စိုပြေလာမည်။
၃၊ နံ့သာနီအမှုံနှင့် ဆန်မှုံ့ကို ရေနဲ့ ရောစေပြီး မျက်နှာပြင်လိမ်းချယ်ရန်အတွက် paste အနှစ်အရည်လုပ်ပါ ပြီးလျင် လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ စက်ဝိုင်းပုံစံလိမ်းပါ၊ ပြီးနောက် မျက်နှာကိုဆေးကြောပါ ၊ မျက်နှာလေး သန့်ရှင်းသွားပါလိမ့်မည် ပျောက်ရန်ခက်ခဲသော ဆားဝက်ခြံများပင်လျင်ပျောက်ကင်းစေမည်။
၂။ နံ့သာနီအမှုံ့အစစ်နှင့် ဂေါ်ဖီထုတ်မှရသောအရည်ကိုရောပြီး မျက်နှာပေါ်ကပ်လျင် အမာရွတ်များနှင့် အစင်းအရေးအကြောင်း များကိုဖယ်ရှားနိုင်သည်။
၎၊ နံ့သာနီအမှုံ့ကို ရေချိုးခန်းသုံးနှိပ်နယ်ရန်သုံးသော အဆီဖြင့်ရောပြီး လိမ်းချယ်ပါက အရေပြား၏ tone နဲ့ texture ချောမွေ့မှုကို ပိုကောင်းလာစေသည်။
၅၊ နံသာနီအမှုံ့ကိုရေနဲ့ရောပြီး ခန္ဓာကိုယ် တခုလုံးကို spray နဲ့ဖြန်းလျှင် ကိုယ်ခန္ဓာက ကိုယ်အပူကျစေပါသည်၊ ဒါ့အပြင် အရေပြား ရောဂါများ ကူးစက်မှုကနေအကာအကွယ်ပေးပါတယ်၊ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့အရေပြားလေးလှပခြောမွေ့ဖို့ အသုံးပြုကြည့်နိုင်တာပေါ့၊ ဘေးထွက်ဆိုးကျိုးမရှိတော့ စမ်းကြည့်နိုင်ပါတယ် ၊

Kothetnaing Kothetnaingoo 

No comments:

Post a Comment