Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

တရုတ်နိုင်ငံ ကျောက်မီးသွေးတွင်း ပြိုကျမှု၌ ပိတ်မိနေသည့် အလုပ်သမား ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့


ကူမင်း ၊ ၂၈-၇-၂၀၁၅

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်၌ ကျောက်မီးသွေးတွင်း ပြိုကျမှု ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ ကျောက်မီးသွေး တွင်း၌ နာရီပေါင်း ၄ဝ ကြာ ပိတ်မိနေသည့် အလုပ်သမား ၁၁ ဦးကို ပြန်လည် ကယ်ထုတ် နိုင်ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် များက ဇူလိုင် ၂၇ ရက် နံနက်ပိုင်း တွင် ပြောကြားသည်။

အဆိုပါ ကျောက်မီးသွေးတွင်း ပြိုကျမှုသည် လျန်ဟီး ခရိုင်ရှိ ကျောက်မီးသွေး တွင်း တစ်ခု၌ ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီခန့် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျောက်မီးသွေးတွင်း ပြိုကျမှု ဖြစ်ပွားချိန်တွင် အလုပ်သမား များသည် မြေအောက်၌ အလုပ်လုပ်လျက် ရှိကြောင်း သိရသည်။

ယင်း မတော်တဆမှု ဖြစ်ပွားပြီးနောက် ပိတ်မိနေသည့် အလုပ်သမား များကို ဇူလိုင် ၂၇ ရက် နံနက် အစောပိုင်း၌ ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်စဉ် ပြန်လည် ကယ်ဆယ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ  ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကယ်ဆယ်ရေး ဝန်ထမ်း ၁ဝဝဝ ခန့် ပါဝင်ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

11 miners rescued 40 hours after mine cave-in in SW China

#PyiChitThar

No comments:

Post a Comment