Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

ဘူးသီးတောင်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူကို မဖွယ်မရာလုပ်ပြသူကို ဖမ်းဆီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့က တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးကို ပုဆိုးလှန်ပြကာ မဖွယ်မရာ ပြုလုပ်ပြသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဘူးသီးတောင် မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူး ဒုတိယ ရဲအုပ်အောင်ကျော်တင့်က ပြောကြားသည်။
“ကလေးမလေးက အဖေကို ပို့ပြီး ပြန်လာတဲ့လမ်းမှာ အမျိုးသားတစ်ဦးက ပုဆိုးကို လှန်ပြတဲ့အတွက် ခုအမှုဖွင့်ပြီး စစ်ဆေးဆဲပဲ ရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်မှ ဟမ်မလာရွာမှ အဘူလူဆောင်းဆိုသည့် အမျိုးသားက ယင်းသို့မဖွယ်မရာ ပြုလုပ်ပြသဖြင့် ကျောင်းသူက အော်ဟစ်အကူအညီ တောင်းခံခဲ့သောကြောင့် ယင်းကိစ္စကို ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့ကြောင်း ရခိုင်အမျိုးသားပါတီဝင် တစ်ဦးက ပြောဆိုသည်။
မဖွယ်မရာ ပြုလုပ်ပြသည့် အဆိုပါ အမျိုးသားကို ဘူးသီးတောင် မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒုတိယရဲအုပ် အောင်ကျော်တင့်က ပြောကြားသည်။
ဘူးသီးတောင်မြို့နယ်တွင် ရခိုင်အမျိုးသမီးငယ်များကို ယင်းကဲ့သို့ မဖွယ်မရာ နှောင့်ယှက်ခြင်း မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ခင်မောင်အေး
The Voice Weekly

No comments:

Post a Comment