Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 25, 2015

တနိုင်ငံလုံး ရေဘာကြောင့် ကြီးနေရသလဲ

 ဒေါက်တာထွန်းလွင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ် နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင်ရေကြီးရခြင်းအကြောင်း/
၂၅-၇-၂၀၁၅
ညနေ (၆း၅၇)နာရီ။
(၁) မြောက်ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင်ဖြစ်ပေါ်နေခဲ့သောတိုင်ဖွန်းမုန်တိုင်း Halola ဟာ မြောက်ဖက်တည့်တည့်ကိုရွေ့နေပါတယ်။ အဲဒီအခါမှာ B C Connection အရ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရှိ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်း(Monsoon Trough) ဟာလည်း
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရေပြင်ပေါ်မှမြောက်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းပေါ်ကိုတက်သွားခဲ့ပါတယ်။ အဲဒီအခါ မုတ်သုံလေဖိအားနည်းချိုင်းဝှမ်းဟာ
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို မိုးကြီးစေပါတော့တယ်။
(၂) မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်းမြောက်ဖက်ကိုရွေ့သွားစေခဲ့တဲ့အတွက်ကြောင့်
မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသများဖြစ်ကြသောချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေး
တိုင်းမြောက်ပိုင်းစွန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို
မိုးသည်းထန်စွာရွာသွန်းစေခဲ့ပါတယ်။

No comments:

Post a Comment