Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 17, 2015

ပြည်တွင်းနိင်ငံရေးသုံးသပ်ချက် များ(မိုးသီးဇွန်)


တကယ်လို့ NLD က ဘယ်သူနဲ့မှ မညှိပဲ ရွေးကောက်ပွဲကို တစွပ်ထိုးဝင်သွားရင်တော့
လက်ရှိအနေထား မှာ ဦးသိန်းစိန်ပဲ ပြန် ပြီး သမတ ဖြစ်ဖို့ များနေတယ်။
သူက ရွေးကောက်ပွဲမ၀င်ပဲ နဲ့ကို သမတ လုပ်ဖို့ကြံနေတယ်လို့ သိရတယ်။

NLD ကလဲ အခုထိ တကိုယ်ကောင်းစိတ်တွေများနေတုံးပဲ။ ရင့်ကျက်မှု မရှိသေးဘူး။
NLD က ရခိုင်၊ ကချင်နဲ့ရှမ်း ပြည် ဖက်တွေမှာ ရှုံးဖို့ များနေတယ်။
ဒေါ်စုကိုလူပြောများလာတာကတော့ လွတ်တော် တက် တဲ့အချိန်ကနေ စပြီး အကျီ ထည်လဲ
ဝတ်နေတဲ့ကိစ ၊ ဒါတွေကို ခရိုတွေက ၀ယ်ပေးနေတာ လို့ သိရတယ်။ တချို့ ခရိုနီတွေက ဒေါ်စုအကျီဖို့ အတွက် ဒီလမှာ သိန်း ၃၀၀ ရာလောက်မှန်းထားပေမဲ့ ၁၅၀ လောက်ပဲ ကုန်သွားလို့  အားမရဘူးဖြစ်နေတယ်လို့ လဲ သူတို့ လောကထဲမှာ ကြွားစရာဖြစ်နေတယ်လို့ဆိုတယ်။
ဒါလဲ ချစားမှု တမျိုးပဲလို့ ဆိုရမယ်။ ဒါတွေကိုပြင်ဖို့ လိုတယ်။
ပါတီပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံတွေကို ပြန်လည်စည်းရုံးသင့်တယ် ။

ဒေါ်စုပြောခဲ့ပြီးမဖြစ်ခဲ့တာတွေကို ပြန်ပြီး သုံးသပ်သင့်တယ်။
၈၈ တွေကလဲ ဒေါ်စု ပါတီကို ၀ိုင်းရံမယ်ဆိုတာထက် သူတို့ ကိုယ်တိုင်လဲ ၀င်သင့်တယ်။
အခုဟာက သူတို့ ဟာ NLD ကို အချွန် နဲ့ မ နေတာ မျိုးဖြစ်နေတယ်။ ဂျောက်တွန်းနေသလိုဖြစ်တေယ် ။ ၈၈ အဖွဲ့ က ကိုကိုကြီးတယောက်ပဲ ရွေးကောက်ပွဲဝင်မယ်လို့  သိရတယ်။ သူကိုလဲ
အစိုးရက ပုဒ်မ ၁၈ နဲ့  ခြိမ်းခြောက်ထားတယ်။ သူက ပြင်းပြင်းထန်ထန် ပြောလာတာနဲ့ 
သူကို ပုဒ်မ ၁၈ နဲ့  ရွေးကောက်ပွဲမ၀င်အောင်လုပ် လာနိင်တယ်။

ခင်ဇော်ဦး ကို တနသာင်္ရီတိုင်းမှာ ၀န်ကြီးချုပ်ဖြစ်ဖို့ တောင် လျာထားထားပြီဆိုတယ်။
စစ်တပ်ထိပ်ပိုင်း က ၅၀ လောက်ထွက်မယ်။ အရပ်ဖက်ကိုဝင်ကြမယ်။
BSO က ၄ ယောက်စလုံးကိုလဲ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် လျာထားထားပြီလို့ သိရတယ်။

စီးပွားရေး

ဦးသိးန်စိန် လက်ထက်မှာ ကုန်သွယ်ရေးလို ပြနေတယ်။ ကုန်သွယ်လိုငွေ ၅ ဘီလီယံ ဒေါ်လာ ခန့် လိုနေတယ်။ ထုတ်ကုန် အနေနဲ့ က ဘာမှ မရှိဘူး။ ကြက်ဥကနေ တိုက်လေယဉ်ပျံအထိ
နိင်ငံခြားကနေ၀ယ်နေရတယ်။ နိင်ငံခြား အကူညီကလဲ ထင်သလောက်မရဘူး။
အသုံးက ပိုများနေယ်။ SME ကလဲ မရှိဘူး။ ဗဟိုဘဏ်က ငွေချေးရင်လဲ တနစ် ပဲ ခွင့်ပြုတော့ လုပ်ငန်းတွေချဲ့  လို့ မရဘူး ။ ဒီကြားထဲ အတိုးနှုန်းက ၁၃ ရာခိုင်နှုနှုန်းဖြစ်နေတယ်။
လုပ်သင့်တာက အတိုး နှုန်း ချ၊ နိင်ငံခြား ဘဏ်တွေပေးသွေင်း ။ နှစ်ရှည်ချေး တွေဖြစ်ရမှာ ။
ဘာမှထုတ်ကုန်မရှိတဲ့နိင်ငံဟာ သွပ်မိုးခွာ အိမ်တိုင်ချွတ်စီးပွားရေး ပဲဖြစ်မယ်။

ငြိမ်းချမ်းရေး

ကရင်နဲ့လက်မှတ်ထိုးဖို့ များ နေတယ်။ ကရင်လဲ ဗိုက်နာနေတယ်။ အစိုးရလဲ ဗိုက်နာနေတယ်။
ဒီတော့ ၀မ်းသွားကြမှာပဲ။
Moethee Zun

No comments:

Post a Comment