Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက် ခဲ့သည့် ဗြိတိန်နိုင်ငံမှ ဂျီဟက်ဂျွန် အမည်ရှိ စစ်သွေးကြွအဖွဲ့ဝင် ထွက်ပြေး



Jihadi John On The Run In Syria, Fears ISIS No Longer Has Any Use For His Beheading Role

လန်ဒန် ၊ ၂၈-၇-၂၀၁၅

ဆီးရီးယားနိုင်ငံ အတွင်း ဖမ်းဆီးရမိသည့် ဓားစာခံ များကို ရက်ရက်စက်စက် ခေါင်းဖြတ် ကွပ်မျက် ခဲ့သည့် ဗြိတိန်နိုင်ငံ မှ ဂျီဟက်ဂျွန် အမည်ရှိ ISIS စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးသည် ယခုအခါ ၄င်းအဖွဲ့မှ ထွက်ပြေး သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၂၆ နှစ်ရှိ အဆိုပါ ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီ အမည်ရှိ ဂျီဟက်ဂျွန် သည် စစ်သွေးကြွ အဖွဲ့က ၄င်းကို ဖယ်ရှားခဲ့ ပြီးနောက် ဆီးရီးယား နိုင်ငံမှ ထွက်ခွာ၍ မြောက် အာဖရိက သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ဖွယ်ရှိကြောင်း ဗြိတိန် သတင်းဌာန တစ်ခုဖြစ်သည့် Daily Express က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ဂျီဟက်ဂျွန် သည် ဖမ်းဆီးခံ ဗြိတိန်နှင့် အမေရိကန် ဓားစာခံများကို ရက်စက်စွာ ကွပ်မျက်သူအဖြစ် ဖော်ထုတ်ခံ ရပြီးနောက် ဗြိတိန်နှင့် အမေရိကန် အထူးတပ်ဖွဲ့များ ၏ ချေမှုန်း တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်ခြင်း ကြောင့် အခြား နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

လန်ဒန်မြို့ခံ တစ်ဦးဖြစ်သည့် ဂျီဟက်ဂျွန် သည် ယခုအခါ အပြစ်မဲ့ အနောက် နိုင်ငံသား များကို သတ်ဖြတ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလျက် ရှိပြီး ၄င်းကို ဗြိတိန်နှင့် အမေရိကန် အထူးတပ်ဖွဲ့ များက ဖမ်းဆီးနိုင်ပါက တရား ဥပဒေနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ၄င်းအနေဖြင့် ဖမ်းဆီးခြင်း ကို လက်မခံပါက သတ်ဖြတ် ချေမှုန်း ခံရမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment