Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

မျက်စိမမြင်ပေမယ့် မြို့နယ်ကို ရာဇဝတ်မှုမရှိအောင် အုပ်ချုပ်နိုင်တဲ့ ရဲမှူး


Pan Yong လို့အမည်ရတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားဟာ တရုတ်ပြည် အနောက်တောင်ပိုင်း Lanba လို့အမည်ရတဲ့ မြို့နယ်လေးမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ရဲမှူး ဖြစ်ပါတယ်။ သူဟာ မျက်စိကွယ်နေသူ ဖြစ်ပြီး သူအုပ်ချုပ်လာတဲ့ ၁၀ နှစ်ကျော် သက်တမ်းကာလအချိန်မှာ ဘာ မှုခင်းများမှ မဖြစ်ပါဘူး။

သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရွာကြီး ၃ ရွာနဲ့ ရွာငယ် ၁၃ ရွာ ပါဝင်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက သူဟာ မျက်စိ တိမ်ဖုံးသွားပြီးတော့ မျက်စိကွယ်ခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကလည်း ရဲပါပဲ။ သူ မျက်စိကွယ်ပြီးနောက်မှ ဘူတာမှာ လုံခြုံရေးလုပ်တဲ့ သူ့ထက် ၃ နှစ်အသက်ကြီးသူ အမျိုးသမီး Tao Hongying ကို တွေ့ဆုံပြီး ချစ်ကျွမ်းဝင် အိမ်ထောင်ပြုခဲ့ကြ ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း သူ့ရဲ့ တာဝန်ထမ်းဆောင်မှုတွေ ရပ်မသွားတဲ့အပြင် အမျိုးသမီးကပါ ကူညီပေးပါတယ်။

သူ့အနေနဲ့ ဘဝဆုံးပြီလို့တောင် ထင်နေခဲ့တဲ့အချိန် Tao နဲ့တွေ့ဆုံပြီး သူ့အပေါ် ကူညီ ပါရမီဖြည့်ဆည်းပေးမှုကြောင့် ယနေ့တိုင် ရဲအလုပ်ကို ဆက်လုပ်လို့ ရခြင်းပဲ ဖြစ်ပါတယ်။ အချိန်တန် မြို့လှည့်ပြီး စစ်ဆေးရမယ့်အခါမျိုး၊ လုံခြုံရေး ဆိုင်ရာ အသိပညာပေး သွားရတဲ့အခါမျိုးတို့မှာ အမျိုးသမီးဖြစ်သူဟာ လိုက်ပါ စောင့်ရှောက်ပေးပါတယ်။ အစကတော့ မျက်စိကွယ်သူကို တာဝန်ထမ်းဆောင်ရန် မသင့်တော်ဟု အစိုးရပိုင်မှ ထင်မြင်ယူဆခဲ့ကြပေမယ့် Pan ရဲ့ အုပ်ချုပ်မှု အောက်မှာ ဘာမှုခင်းမှ မရှိပဲ အေးချမ်းတာကို တွေ့ရတော့ ငြင်းမရတော့ ပါဘူး။ ၁၀ နှစ်စလုံး ဘာ ရာဇဝတ် သတင်းများမှ မရှိခဲ့ ပါဘူး။ သူ့ရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင် စေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com



No comments:

Post a Comment