Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 18, 2015

နာဆာမှ မြန်မာပညာရှင်



အမေရိကန် အာကာသအေဂျင်စီ (နာဆာ) မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာလူမျိုးရှိပါသလားလို့ စာဖတ်ပရိတ်သတ်တစ်ယောက်က မေးဖူးပါတယ်။ ကျနော်လည်း ဒီမေးခွန်းအတွက် အဖြေကို လိုက်ရှာရင်း အမှတ်မထင် တွေ့လိုက်တဲ့ Comment ၂ ခုကနေ နာဆာမှ မြန်မာလူမျိုး သုတေသန ပညာရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်..။
ဆရာကြီး ဒေါက်တာ ပဒေသာတင် လို့ခေါ်ပါတယ်။ သူဟာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ရူပဗေဒအဓိကဘာသာဖြင့် MSc ဘွဲ့၊ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Western Illinois University မှ ရူပဗေဒအဓိကဘာသာဖြင့် MS ဘွဲ့၊ မစ်ဆိုးရီးပြည်နယ် University of Missouri, Rolla မှ ရူပဗေဒအဓိကဘာသာဖြင့် PhD ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်.။
နာဆာရဲ့ နိုင်ငံတကာအာကာသစခန်း မြေပြင်ထိန်းချုပ်ရေးဌာနမှ The Melting of Aqueous Foams (Foam Optics and Mechanics) နဲ့ Structure and Dynamics of Freely Suspended Liquid Crystals တို့မှာ Project Scientist အနေနဲ့ လုပ်ကိုင်နေပါတယ်။
ဆရာကြီးရဲ့ ဖခင်ကတော့ လွတ်လပ်ရေးခေတ်က ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ နိုင်ငံအကျိုး သယ်ပိုးခဲ့တဲ့ အမျိုးသားခေါင်းဆောင် သခင်ဝတင် ပဲဖြစ်ပါတယ်။
ဆရာကြီးရဲ့ အမည်နဲ့ ရာဇဝင်ကို ဖော်ပြခြင်းဟာ အနာဂတ် မြန်မာလူငယ်များ မျိုးချစ်စိတ်နဲ့ ပညာသင်ယူလိုစိတ် ပြင်းပြလာအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အနာဂတ်လူငယ်များ ပညာကို ကြိုးစားသင်ယူပြီး လူတော်လူကောင်းများအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ကြွားဂုဏ်ယူနိုင်ကြပါစေ..။
ပညာရှင်ကြီးများနဲ့ ပညာသင် လူငယ်များပေါင်းစည်းပြီး နိုင်ငံအကျိုးကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ လို့ ဆန္ဒပြုလျက်..။
Credit to Dr. Myo Thaik
သန့်ဦး (အာကာသနှင့် စကြဝဠာ)
.
Credit : via Nainglin Aung

No comments:

Post a Comment