Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 18, 2015

ဗီဒီယိုအကြိုခံစားခြင်း- လိပ်ပြာပုံပြင်

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍမှာ တော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။ ရှင်းသန့်က နာမည်ကြီး စာ ရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ အဲဒါကြောင့် ရှင်းသန့်ဆီကိုဖုန်းဆက်ပြီး မိတ်ဖွဲ့တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အဲဒီကိစ္စတွေကို ဒိုင်ခံဖြေရှင်းနေတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်း သော ညီမလေးလေပြေပါ။ လေပြေနဲ့ ရှင်းသန့်တို့ မောင်နှမနှစ်ယောက်က မိဘတွေမရှိတော့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါတယ်။ နောက်ပြီး ရှင်းသန့်စာရေးတိုင်း လေပြေက ညဥ့်နက်သည်အထိ ထိုင်စောင့်နေတတ်ပါတယ်။ မစောင့်နိုင်တဲ့ အဆုံးခုံပေါ်မှာအမြဲအိပ်ပျော်နေတတ်တာလည်း အကျင့်လို ဖြစ်နေပါတယ်။ ရှင်းသန့်စာရေးပြီးတဲ့အချိန်ကျမှ သူ့ရဲ့ ညီမလေးကို ချီပြီး အိပ်ရာပေါ်ကို တင်ပေးလေ့ရှိပါတယ်။

လေပြေက ရှင်းသန့်ကို ဘယ်မိန်းမနဲ့မှ သဘောမတူသလို ရှင်းသန့်ကလည်း သူ့ညီမကို အရမ်းတွန့်တိုပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သင်တန်းတက်နေတဲ့ ညီမကို အမြဲတမ်းအကြို၊ အပို့လုပ်ပေးပါတယ်။ တစ်ရက်မှာတော့ လေပြေကို သူ့သင်တန်းက ကောင်လေးတစ်ယောက် အမြဲလိုက်နှောင့်ယှက်နေတာကြောင့် လေပြေက သူ့ကို စိတ်ဝင်စားရင် သူ့အိမ်မှာ သူ့အစ်ကိုကို လာတွေ့လို့ ပြောခဲ့ပါတယ်။

အဲဒီလိုနဲ့ လေပြေပြောတဲ့ အတိုင်း အဲဒီကောင်လေး ရှင်း သန့်ဆီကို ရောက်လာခဲ့ပါတယ်။ စတွေ့တွေ့ချင်း ရှင်းသန့်ရဲ့ ပရိသတ်လို့ပြောတာကြောင့် အဆင်ပြေခဲ့ပေမယ့် လေပြေကို စိတ်ဝင်စားနေတယ်ဆိုတာကို သိတဲ့အချိန် မှာတော့ ရှင်းသန့်ပေါက်ကွဲခဲ့ပါ တယ်။ နောက်ပြီး သူ့ညီမကို လည်း ဒေါသဖြစ်ပြီး အော်ခဲ့ပါ တယ်။ အဲဒါကြောင့် လေပြေစိတ် ကောက်နေခဲ့ပါတယ်။ လေပြေ စိတ်ကောက်တော့လည်း အစ်ကို ဖြစ်တဲ့ ရှင်းသန့်က မနေနိုင်ပါဘူး။ သူ့ညီမကို ချော့ရပါတော့တယ်။

အဲဒီလိုနဲ့ တစ်ရက်မှာ စာ ရေးတဲ့ကိစ္စနဲ့ ရှင်းသန့်ခရီးထွက် ဖို့ ဖြစ်လာပါတယ်။ ခရီးထွက်မယ့် အချိန်မှာလည်း ညီမက သူ့အစ် ကိုကို စိတ်မချသလို အစ်ကိုက လည်း ညီမကို နည်းနည်းမှ စိတ် မချပါဘူး။ အဲဒါကြောင့် သူ့သူ ငယ်ချင်း အမျိုးသမီးတစ်ယောက် ကို  ရှင်းသန့်က  လေပြေကို ကျောင်းသွား ကျောင်းပြန်ကြိုပေး ဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ လေပြေကို ကျောင်းကြိုဖို့ ပြောထားတဲ့ အမျိုး သမီးမအားတာကြောင့် လေပြေ သူငယ်ချင်းတွေနဲ့ အတူတူ လမ်း လျှောက်လာရင်း အတင်းမောင်း လာတဲ့ ပြိုင်ကားတစ်စီးက တိုက် ခဲ့တာကြောင့် အဲဒီနေရာမှာတင် လေပြေသေဆုံးသွားခဲ့ပါတယ်။

လေပြေကို တိုက်ခဲ့တဲ့  ပြိုင် ကားကိုမောင်းလာတာက ပီတိ ဆိုတဲ့ ကောင်မလေးပါ။ နိုင်ငံ ခြားကို ကျောင်းသွားတက်ဖို့ စီစဉ် ထားတဲ့ ပီတိက နိုင်ငံခြားကို မသွားခင် သူ့အဖေ၀ယ်ပေးထား တဲ့ ပြိုင်ကားကို တခြားကားတွေ နဲ့ ပြိုင်မောင်းလေ့ရှိပါတယ်။ အဲဒီ လို ပြိုင်မောင်းရင်း လေပြေကို ၀င်တိုက်မိခဲ့တာပါ။ ညီမဖြစ်သူ ကားတိုက်ပြီး ဆုံးသွားတယ်ဆို တာကို သိတဲ့ အချိန်မှာတော့ ရှင်းသန့်ဆောက်တည်ရာမရ ဖြစ် ခဲ့ပါတယ်။ ပီတိရဲ့အဖေကလည်း သူ့သမီးရှေ့ရေးအတွက်ဆိုပြီး ရှင်းသန့်ကို ခွင့်လွှတ်ဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံး မှာတော့ ပီတိထောင်ကျသွားခဲ့ ပါတယ်။ အဲဒီလိုနဲ့ နှစ်တွေပြောင်း လာပြီး ပီတိထောင်ကထွက်လာ တဲ့အချိန်မှာတော့ မိဘတွေက နိုင်ငံခြားကိုသွားဖို့ တိုက်တွန်းကြ ပါတယ်။ ဒါပေမဲ့ ပီတိက လေပြေ မသေခင်ပေးခဲ့တဲ့ ကတိတစ်ခု လုပ်ဖို့ ရှိလို့ဆိုပြီး မိဘတွေရဲ့ စကားကို လက်မခံခဲ့ပါဘူး။ အဲဒီ လိုနဲ့ သူထောင်က ထွက်လာပြီးပြီး ချင်း ရှင်းသန့်ရဲ့ အကြောင်းတွေ စုံစမ်းခဲ့ပါတယ်။ အဲဒီမှာ ပီတိသိ လိုက်ရတာက လေပြေကပီတိနဲ့ ရုပ်ချင်းဆင်နေတာကိုပါ။ အဲဒါ ကြောင့် အဲဒီအချက်ကို အသုံးချ ပြီး ရှင်းသန့်အနားကို သွားဖို့ဆုံး ဖြတ်ခဲ့ပါတယ်။

လေပြေပုံစံနဲ့ သူ့အနားကို ရောက်လာမယ့် ကောင်မလေးကို ရှင်းသန့်ဘယ်လိုဆက်ဆံမှာလဲ။ အဲဒီကောင်မလေးက သူ့ညီမသေ ဆုံးအောင် လုပ်ခဲ့တာကို သိတဲ့ အချိန်မှာကော ရှင်းသန့်က ခွင့် လွှတ်မှာလားဆိုတာကိုတော့ ရွှေ စင်ဦးထုတ်လုပ်ရေးကနေ ဖြန့်ချိ ပေးထားတဲ့ လိပ်ပြာပုံပြင်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။ဒီဇာတ်ကားမှာ ရှင်းသန့်အ ဖြစ် နေတိုး၊ လေပြေနဲ့ ပီတိအဖြစ် ဖွေးဖွေးက စရိုက်နှစ်မျိုး သရုပ် ဆောင်ထားပါတယ်။ လွန်းထား ထားရဲ့ ၀တ္ထုကို အင်ကြင်းဟန် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက် တာဝိုင်းက ရိုက်ကူးပုံဖော်ထားပါ တယ်။
http://7daydaily.com/story/42103

No comments:

Post a Comment